Father (11st)

Father, you are away from us but always with us.

Father, We can not touch and can not speak with you, but we always chat and speak each other as usual in our dream.

Oh Father, No matter you can not live with us for the long term, you are always in our heart and in our soul.

Oh Father,If I imagine you, you are alive with us. So, no matter what happen it is, we can face with your encouragement.

Oh Father, when we lost you, when you left from our lives, we feel all the things had gone.

But, we can stand ourselves with your encouragement, with your effort, with your speech.

Although you can not live us for a long time, you are always with us.

We love you. We trust you. We believe you. We relied on you but now we stand ourselves.

Oh Father, we always want to have the father like you. You are everything for our lives.

Thank you for your love, for your supports, for your encouragement, for your guideness, for your kindness.

Thank you father. Do not forget that we always love you.

ညနေစာ ချဉ်ပေါင်ရွက် စပ်ချဉ်ချက်..။




မရည်ရွယ်ဘဲ ချက်လိုက်ပြီး မရည်ရွယ်ဘဲ ဖေ့စ်ဘုတ်ပေါ် တင်လိုက်မိတဲ့ ပို့စ်လေးပါ..။ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သော် တောင်းပန်ပါတယ်..။ မြန်မာနိုင်ငံကလူတွေအတွက် ချဉ်ပေါင်စပ်ချဉ်ချက်က မထူးဆန်းပေမယ့် အဝေးကလူတွေတစ်ချို့အတွက် စိတ်ရှိတိုင်းစားခွင့်မရတဲ့ ဟင်းတစ်ခွက်ပါ..။


ချက်ချင်းချက်.. ချက်ချင်းတင်လိုက်တာပါ..။ အတင်းကျက်ခိုင်း အတင်းဓာတ်ပုံရိုက်တင်လိုက်တာပါ..။:D


လုံးချက်ချက်တာပါ..။ (ဟင်းချက်ရင် စိတ်မရှည်လို့ အများအားဖြင့် ဟင်းတွေက မကောင်းပါဘူး..။)

လွယ်လည်းလွယ်၊ မြန်လည် မြန်..။ ၅ မိနစ်ကျော်ကျော်ပဲ ရှိမလား...။


ချဉ်ပေါင်ရွက်..၊ခရမ်းချဉ်သီး..၊ ဆနွင်း..၊ ဆား..၊ ငပိ...နဲ့ ဆီတွေအရင်ထည့်ပါတယ်..။ မီးကလည်း ဖွင့်ထားပါပြီ..။ မီး နည်းနည်းနဲ့ပဲ ချက်လေ့ရှိပါတယ်..။ မီးအမြင့်ကြီး မသုံးပါဘူး..။


ဖျစ်ဖျစ်မြည်ပြီး လုံးနေတုံး ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ အစိပ်ကြီးတွေလှီးထားတာကို ငရုတ်ဆုံနဲ့ထောင်းပါတယ်..။ ထောင်းတာရပြီဆို မီးဖိုပေါ်ကလုံးနေတာတွေနဲ့ရောထည့်ပြီး အားလုံးကိုရောချေပေးပါတယ်..။ ခရမ်းချဉ်သီးကြောင့် တော်တော်နဲ့မခြောက်ပါဘူး..။


အဲဒီအချိန်မှာပဲ ငရုတ်သီးအနီအစပ်တောင့် လေးတောင့် ငရုတ်ဆုံနဲ့ထောင်းပါတယ်..။ ထောင်းနေတုံး အိုးက ကပ်ချင်လာပါပြီ..။


ငရုတ်သီးခပ်ပြီးတာနဲ့ ငရုတ်ဆုံကိုရေနဲ့ကျင်းပြီး ဆုံထဲကရေကို ဟင်းအိုးထဲထည့်ပါတယ်..။ ရေနည်းနည်းခမ်းအောင် စောင့်ရပါတယ်..။ ရေက ဆုံဆေးရေနဲ့ပဲ လောက်ပါတယ်..။ ရေက ဆန်ချင်ခွက်နဲ့ တစ်ခွက်စာလောက်ပဲ ရှိပါမယ်..။ ဟင်းချိုတည်သလောက် များများမထည့်ရပါဘူး..။ ရေခမ်းအောင် နည်းနည်းစောင့်ရပါတယ်..။


ဟင်းခပ်မှုံ့ထည့်ဖို့မေ့တာ နောက်မှ သတိရတယ်..။ ပုစွန်ခြောက်လေးထောင်းထည့်ရင် ပိုကောင်းမယ်..။ ဒါမှမဟုတ် ငါးငါးသေးလေးတွေထည့်..။ ဒါမှမဟုတ် ပုစွန်ဆိတ်လေးတွေထည့်..။ ဒါတွေကတော့ Optional တွေပါ..။ ရှိရင်ထည့်လည်းရ မထည့်လည်းရပါတယ်..။


မစံပယ်ခုမှချက်ရင်း ဖြစ်သွားတာလေးပါ..။ ချက်နည်းမှားနေတယ်လို့ လာမပြောလောက်ဘူးလို့ ထင်ပါရဲ့..။ ကြိုကာထားတာပါ..။ ဟိုနေ့က ချဉ်ပေါင်ကြော်တစ်ခု အခြေအတင်ဖြစ်နေကြတာတွေ့လိုက်ရတယ်..။ မစံပယ်တော့ ဒီလောက်ပဲချက်တယ်..။ ဒီလောက်ဆို စားလို့ဖြစ်ပါပြီ..။ စိတ်မရှည်တတ်တော့ အရမ်းဟင်းကောင်းတွေစားဖို့ မမျှော်လင့်ဘူး..။ ကိုယ့်ဘာသာစားလို့ဖြစ်ရင် လုံလောက်ပါတယ်..။

ဘလော့ တံမြက်လှည်း..။




မစံပယ်ဘလော့လေးက ဖုန်တက်နေလှပြီ..။ အလုပ်ကများ..၊ စိတ်ကများနဲ့ ရေးဖို့စိတ်ကူးရှိပေမယ့် မရေးဖြစ်..။


ဒီရက်ပိုင်းမှာ မထင်မှတ်ဘဲ မစံပယ် စက်ချူပ်သင်ဖြစ်သည်..။ ပထမသင်ရိုးပြတ်ပြီ..။ သင်ရိုးသုံးခုသင်ရမည်..။ စက်ချုပ်တပ်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို ထင်မထား..။ စေတနာရက်ရောသူက ပညာဖြန့်ဝေသောအခါ မစံပယ်တို့လို ပညာလိုချင်သူတွေ အမြောက်အမြား စက်ချုပ်တတ်သွားသည်..။ မစံပယ်စိတ်ချဉ်ပေါက်သောလူတစ်ယောက်လို လက်ခမောင်းထခတ်ရရင်ကောင်းမလား စဉ်းစားနေသည်..။



မစံပယ်က ဖန်ခွက်ထဲကရေတစ်ဝက်ကို တစ်ဝက်လိုသေးတယ်ဟု အမြဲစဉ်းစားတတ်သောကြောင့်လားမသိ..။ ကိုယ့်ကိုယ်ကို လက်ခမောင်းခတ်မိတာမျိုး မရှိဖူးခဲ့..။ သို့သော်လည်း တစ်ချို့တစ်ချို့သော သူလိုကိုယ်လိုလူများက ငါသိ ငါတတ်လှပြီဟု လက်ခမောင်းခတ်တာ မြင်မိသောအခါ စိတ်ပျက်ရသည်..။ မိဘမျိုးရိုးညံ့လို့လား..၊ ကျောင်းစာတစ်ခုတည်းတော်ရုံနဲ့ လူဖြစ်ပြီဟု ယူဆကြသောကြောင့်လားမသိ..။ ကျောင်းစာမှလွဲ၍ ကျန်တာအားလုံးညံ့သောသူ့ကို ကရုဏာသက်မိသော ကိုယ့်ကိုယ့်ကို အပြစ်ပြန်တင်ရသည်..။ ကိုယ်ကတော့ စေတနာနှင့် သူတို့မှာမရှိသေးသောအရည်အချင်းများ ရှိလာစေရန် မိတ်ဆွေတို့ဝတ္တရားအတိုင်းပြောပေးမိသည်..။ အမုန်းခံရတာသာအဖတ်တင်သည်..။ သူလောက်သိသူမရှိ..၊ ဘယ်သူနဲ့နေနေ ပြိုင်ရဲတယ်ဟုပင် စကားထွက်လာသည်..။အော့အန်ချင်စရာကောင်းလေစွ..။ကျောင်းစာသာပြိုင်လို့ရမည်..။ ကျန်တာကိုပြိုင်လို့ရမည်လား..။ ကျောင်းဘွဲ့မကောင်းသော်လည်း လခကောင်းသောသူတွေ ဒုနဲ့ဒေး..။ ကျောင်းဘွဲ့ကောင်းလို့ လခကောင်းဦး သူများခိုင်းတာ လုပ်နေကြသူချည်းမဟုတ်လား..။ ဘယ်မှာ ဘ၀င်မြင့်စရာရှိသနည်း..။


ကျောင်းစာအမှတ်စာရင်းကိုပြိုင်လို့ရသည်..။ ကိုယ်ရည်ကိုယ်သွေး..၊ ကြံရည်ဖန်ရည်နှင့် ပေါင်းသင်းဆက်ဆံရေး..၊ ကံကံ၏အကြောင်းတရားများကို မည်သို့ပြိုင်မည်နည်း..။ သာမန်ဘွဲ့လေးပိုင်ဆိုင်သူတစ်ယောက်က လခမိုးပျံအောင်ကောင်းနေတာ မြင်ဖူးသောမစံပယ်အတွက် ကိုယ့်ပညာနှင့် ကိုယ့်ဝင်ငွေ မျှနေလျှင်လုံလောက်ပြီ..။ ပညာနှင့်ဝင်ငွေသည် တိုက်ရိုက်အချိုးကျချင်သူမှ ကျသည်..။ အင်ဂျင်နီယာတစ်ယောက် သန့်ရှင်းရေးတံမြက်လှည်းလုပ်တာ ကြားဘူးသည်..။ သာမန်ဘွဲ့ရတစ်ယောက် လခ တစ်သောင်းကျော်ရတာ မြင်ဖူးသည်..။ အတန်းပညာဘယ်လောက်တော်တော် သူများခိုင်းတာ လုပ်ရသူချင်းမှာ အီးတစ်လုံးပိုရှူချင်သူကိုမြင်ရသောအခါ စိတ်ပျက်ရသည်..။


ကိုယ့်ကိုယ်ကို လိပ်ပြာသန့်နေအောင် တိုက်ချွတ်ထားမှတော်ကာကြမည်..။ တစ်ငါငါနှင့် လက်မလာထောင်သူနှင့်ကြုံလျှင် မစံပယ်လည်း သူတော်ကောင်းမဟုတ်..။ မစံပယ်ရဲ့ ငါလည်း ခေါင်းထောင်ထွက်လာပါလိမ့်မည်..။


စာမဖတ်သောသူများ စိတ်ပျက်ဖို့ကောင်း၏...။ ကျောင်းစာနှင့် အတတ်ပညာသည် ဦးနှောက်ကိုသာဖွံ့ဖြိုးစေကြောင်းတွေ့ရသည်..။ ဦးနှောက်ချည်းဖွံ့ဖြိုးလျှင် လူတွေနှင့်သဟဇာတမဖြစ်..၊ ငါသိ၊ ငါတတ်...၊ ငါတော်..၊ ငါလောက်သိသူမရှိ..၊ ဘယ်သူနဲ့နေနေ ပြိုင်ရဲသည်ဟု မပြည့်သောအိုး ဘောင်ဘင်ခတ်သောစကားများ ထွက်လာသည်..။ ကျိုးကြောင်းဆင်ခြင်နိုင်မှုတွင် စာဖတ်သူလောက် မကောင်း..။ စာဖတ်သူမှာ ဘာစကားမှ လက်လွတ်စံပယ်မပြော..။ အကြောင်းမဲ့ ဘ၀င်မြင့်ခြင်း နည်းသည်..။ (မရှိဟု ပြောခြင်းမဟုတ်..။)


အခုတော့ စဉ်းစားသည်..။ မစံပယ်လည်း လက်မထောင်တတ်အောင်ကျင့်ဦးမှ ဟု..။ ထောင်မည်ဆိုလျှင်တော့ ထောင်စရာတွေမှ အပြည့်ပင်..။ မစံပယ်လည်း ပြည့်ဝသူမဟုတ်တာ တွေ့ရသည်..။ စိတ်နှလုံးပြည့်ဝသူဆိုလျှင် မသိတတ်သူက လက်မထောင်တာ..၊ မာနနှင့် ငါသိ ငါတတ်ပြောတာကို ပြန်ယှဉ်ပြိုင်နေမည်မဟုတ်..။ သူမပြည့်ဝ၍ ပြောတာ..၊ ပြုမူတာပဲဆိုပြီး ခွင့်လွှတ်လိုက်မည်..။ သူကပြည့်ဝလာ၍ လာတောင်းပန်လျှင် ခွင့်လွှတ်လိုက်မည်..။ ဒီလိုတွေလုပ်မည်ဖြစ်သည်..။ မစံပယ်ကတော့ သူက လက်မတစ်ချောင်းထောင်ရင် ငါက လက်မနှစ်ချောင်းထောင်ပြလိုက်မည်ဟု တွေးတာဖြစ်သည်..။


ရယ်စရာကောင်းလေစွ..။


Never Give Up




ပုံကပေးတဲ့ သင်ခန်းစာ-



မိမိသွားနေတဲ့ လမ်းကြောင်းဟာ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ
ပန်းတိုင်ဆိုတဲ့ ဦးတည်ချက်ရှိနေရင် သင်ဟာဘယ်တော့မှဘဝမှာအရှုံးပေးသူ
တစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။


အဲလိုပဲ.....ဘယ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် မိမိလုပ်နေတဲ့ အလုပ်ကို ပြီးဆုံးတဲ့
အထိတာဝန်ယူ လုပ်ဆောင်နိုင်စွမ်း မရှိသူဟာ အောင်မြင်မှုဆိုတာ ရှိလာမှာ
မဟုတ်သလို ခေါင်းဆောင်ကောင်းတစ်ယောက်ဘယ်တော့မှ ဖြစ်လာမှာ
မဟုတ်ပါဘူး။


ဘယ်အရာကိုမဆို လွယ်ကူစွာရယူချင်တယ်ဆိုရင် သင့်မှာခက်ခဲတဲ့ ဇွဲရှိဖို့
တော့လိုပါလိမ့်မယ်။


အဲဒီအတွက် ဘယ်တော့မှ Never Give UP.....


Khun Nay(August Myanmar Media Group)

From Guide

မစံပယ်၏ ၀ဋ်ကြွေးများ (၁)


စင်ကာပူစရောက်တော့ အကူအညီလှမ်းတောင်းထားရတဲ့ အသိအစ်ကိုတစ်ယောက်က အခန်းငှားပေးထားတယ်..။ သုံးယောက်ခန်းမှာပဲ ရတယ်တဲ့..။ ကျောင်းတက်ချင်သေးတာဆိုတော့ ကျောင်းနဲ့နီးတဲ့နေရာ ငှားပေးတာတဲ့..။ ဟုတ်ကဲ့..။ ရပါတယ်ပေါ့..။ လူတော့များတယ်တဲ့..။ ပြီးမှ ပြန်ပြောင်းတဲ့..။ သူတို့အခန်းထပ်ရှာပေးမယ်တဲ့..။


ကိုယ်ကလည်းအကြောင်းမကောင်းခဲ့လို့ နေပါလိမ့်မယ်..။ ပထမရောက်ကာစ အတူနေရတဲ့ ညီအစ်မနှစ်ယောက်နဲ့က အဆင်ပြေသေးတယ်ပြောရတယ်..။ ကိုယ်အိပ်နေတုံး ခြေထောက်တက်နင်းခံရတာကလွဲလို့ပေါ့လေ..။ ကိုယ်နဲ့အတူနေပြီးသုံးလလောက်အကြာမှာ အကြောင်းကြောင်းကြောင့် ပြောင်းသွားတော့တယ်..။ သူတို့ပြောင်းသွားပြီးတာနဲ့ ဟိုဘက်ခန်းက နှစ်ထပ်ကုတင်နဲ့လေးယောက်နေတဲ့အခန်းက တစ်ယောက်ပြောင်းလာတဲ့..။ နောက်တစ်ယောက်က မြန်မာနိုင်ငံကအလုပ်လာရှာကာစ တစ်ယောက်..။ ကိုယ်ကအသက်အကြီးဆုံးဆိုတော့ မြန်မာနိုင်ငံကရောက်လာကာစတစ်ယောက်ကိုလည်း သေချာဖေးမတယ်..။ စာကြည့်စားပွဲက ကိုယ့်မှာပဲရှိတာလေ..။ ဒါနဲ့ ညီမလေး..၊ အစ်မက စာအပြင်သွားကြည့်တာက များတယ်..။ အစ်မစားပွဲပေါ် လက်တော့သုံးချင်လည်းရတယ်နော်လို့ ကူညီပေးလိုက်တယ်..။ သူက အလယ်ကုတင်က..။ သူ့မှာ ဘာမှ အပိုတင်စရာမရှိဘူး..။ ကိုယ်က ပြတင်းပေါက်ဘေးက..။ စာကြည့်စားပွဲက ကိုယ့်ခြေရင်းမှာ..။ ကိုယ်ကကျောင်းတက်တဲ့သူဆိုတော့ အိမ်ပိုင်ရှင်က မသုံးဘဲထားတဲ့စားပွဲရှိတယ်...။ ကိုယ်ဘာသာယူသုံးဆိုလို့ လုံချည်တန်းတွေအောက်က စားပွဲသွားထုတ်..၊ ဖုံသုတ်ပြီးသုံးရတာ..။ကိုယ်မရှိတုံး သူသုံးပေါ့..။ သူလည်း အလုပ်ရှာနေဆဲဆိုတော့လေ..။


ဟိုဘက်ခန်းကနေ ဒီဘက်ခန်းရွှေ့လာတဲ့တစ်ယောက်ကလည်း ကိုယ့်ထက်အသက်ငယ်တယ်လေ..။ သူက စင်ကာပူရောက်တာ ၄ နှစ်ရှိပြီတဲ့..။ သူတို့နှစ်ယောက်နဲ့ အခန်းထဲသုံးယောက် စ စုံတုံး ညီမတို့လို့ အစ်မစာကြည့်ရင် အပြင်ထွက်ကြည့်ပေးမယ်..။ ညီမလေးတို့ အိပ်ချိန်ရောက်ရင်ပေါ့လို့ပြောလိုက်တယ်..။ ကိုယ်ဆိုလိုတာက ၁၀ နာရီ ၁၁နာရီပေါ့..။ အိမ်သူကြီးလုပ်သူက ဒါတွေ သူတို့တာဝန်မဟုတ်ဘူးဆိုပြီး ညှိမပေးပါဘူး..။ ကိုယ်ဘာသာညှိပါလို့ ဆိုပါတယ်..။ လူစုံကာစ ၇ နာရီ ၈ နာရီလောက်မှာပြောလိုက်တာ..။ ည ၉ နာရီခွဲလည်းရောက်ရော ဟိုဘက်ကရွှေ့လာတဲ့တစ်ယောက်က ဖျတ်ကနဲ့မီးပိတ်ပြီး အိပ်တော့မယ်တဲ့..။ သဘောက အပြင်ထွက်ကြည့်တော့ပေါ့..။ အလယ်ကုတင်က အလုပ်လာရှာကာစတစ်ယောက်ကလည်း ကုတင်ပေါ်လှဲရက် ရုရှားနဲ့ချက်နေတယ်..။ မြန်မာနိုင်ငံက ချက်ခဲ့ရတာ အားမရ...၊ စင်ကာပူရောက်မှ အတိုးချချက်နေတော့တယ်..။ သူလည်း ချက်လက်စကြီး..။ ကိုယ်လည်း စာကြည့်လက်စကြီး..။ စိတ်က အဲဒီမှာ မျက်သွားပေမယ့် စာကြည့်တုံးစိတ်မတိုချင်တာနဲ့ အပြင်ထွက်ခဲ့ရပါတယ်..။ ကိုယ်ကလည်း မြန်မာနိုင်ငံကလာကာစ သည်းခံတတ်တယ်ပေါ့..။ အပြင်မှာလည်း ထမင်းစားစားပွဲတစ်ခုပဲရှိတာ..။ တစ်ခြားလူတွေ ထမင်းစားလို့ မပြီးကြသေးဘူး..။ ထမင်းစားပွဲကလည်း မအားဘူး..။ အဲဒါနဲ့ အောက်ဆင်းပြီးစာကြည့်ရပါတယ်..။


စာကြည့်ပြီး ၁၂ နာရီ.. ၁ နာရီရောက်မှ အပေါ်ပြန်တက်ရပါတယ်..။ ကိုယ်တက်တော့ တစ်အိမ်လုံးအိပ်ကြပြီဆိုတော့ အသံမမြည်အောင် သတိထားလုပ်ပါတယ်...။ ဘယ်မီးမှလည်း မဖွင့်ပါဘူး..။ အခန်းထဲရောက်တာနဲ့ တန်းအိပ်တာပါပဲ..။ ညမှာညဉ့်နက်တဲ့ကိုယ်က မနက်လည်း မထနိုင်ဘူးပေါ့လေ..။ ကျောင်းတက်တဲ့စားရိတ်က အရမ်းကြီးတော့ စာမေးပွဲကျမှာ ကိုယ်ကလည်းကြောက်..။ မနက်လည်းလင်းရော အလုပ်သွားဖို့ပြင်ဆင်တာဆိုပြီး မီးတွေဖွင့်တော့ ကိုယ်ကအိပ်နေတုံး မီးအလင်းမျက်စိထဲဝင်တော့ ဆတ်ကနဲ့နိုးပြီး ကိုယ်ကခေါင်းတွေကိုက်တော့တာပဲ..။ ဖုန်းတွေက တစ်တွီတွီမြည်ပါပြီ..။ ကိုယ်ကနိုးပြီပေါ့..။ အ၀တ်ရှာတာ..၊ သွားကာနီးမှ မီးပူတိုက်ကြတာတွေနဲ့ မနက်လင်းကာစ တစ်နာရီခွဲလောက်က ကိုယ့်အတွက် ငရဲခန်းပါပဲ..။ သူတို့ပြင်နေတုံး ကိုယ်ကမထနိုင်ပေမယ့် အကုန်ကြားနေရတာပေါ့..။ သူတို့သွားကြပြီဆိုမှ တစ်နာရီလောက်ဆက်အိပ်ရတယ်..။ အဲဒါမှ ခေါင်းကိုက်ကလည်း နည်းနည်းပြန်သက်သာတယ်..။


ညတိုင်း သူအိပ်ချင်တိုင်း မီးမှိတ်မှိတ်သွားတာ..၊ အချိန်သတ်သတ်မှတ်မှတ်မဟုတ်ဘဲ မီးမှိတ်မှိတ်သွားတော့ အိမ်သူကြီးကိုပြောခိုင်းပေမယ့် ကိုယ်ဘာသာရှင်းလို့ပဲ ပြန်ပြောခံရပါတယ်..။ ဒါနဲ့ ၁၀နာရီမှာမှ မီးမှိတ်မယ်လေ..။ ၁၀နာရီမတိုင်ခင် အိပ်ချင်သူရှိရင် မီးဖွင့်ရက်အိပ်ပေါ့..။ ၁၀နာရီမှ မီးပိတ်မယ်လေလို့ညှိတော့ မလှုပ်ပါဘူး..။ သောကြာလို့ စနေလိုမှာဆို သူအိပ်တဲ့ ၁၁..၊ ၁၂ မှ မီးပိတ်ပါတယ်..။ မီးခလုတ်ကို အပိုင်စီးထားတာပါ..။ ခလုတ်ကလည်း သူ့ဘက်မှာရှိတာလေ..။ သူ့မှာက မျှတတဲ့စိတ်ထားမရှိဘူး..။ သူက ဟိုဘက် ၄ ယောက်ခန်းမှာလည်း အော်ကြီးဟစ်ကျယ် ရန်ဖြစ်ဖူးသတဲ့..။ ကိုယ်က အော်ကြီးဟစ်ကျယ် ပြောရမှာ ရှက်တယ်..။ ကိုယ်က အသက်ကြီးပြီ..။ အော်ကြီးဟစ်ကျယ်ပြောရမယ့် လူလည်းမဟုတ်တော့ဘူးလို့ သတ်မှတ်ထားတယ်..။ ကိုယ့်အရင်ရောက်နေတဲ့သူတွေကို အဲလိုပဲလို့ သူကအဲလိုလုပ်နေတယ်..။ ဘယ်လိုလုပ်ရမှန်းမသိဘူးလို့ အကြံဥာဏ်တောင်းကြည့်တော့လည်း မလှုပ်ကြဘူး..။ ပြဿနာမဖြစ်ရင်ပြီးရော ကိုယ်သက်သာသလိုနေကြတယ်..။


ကိုယ်ကအဲလိုညှိတော့ မီးခလုတ်အပိုင်စီးထားတဲ့တစ်ယောက်က အစ်မတံခါးဖွင့်တာ ကြမ်းတယ်တဲ့..။ ကိုယ်က တံခါးကို အသာကြိတ်လှည့်ဖွင့်တာပါ..။ လွှတ်ချပြီးလည်း မပိတ်ဘူး..။ သေချာဖွဖွ စေ့ပိတ်ပေးတာပေမယ့် တံခါးက ကိုယ်ကအထာမကျလို့လားပဲ အသံကတော့ နည်းနည်းထွက်တယ်..။ သူပိတ်ရင် အသံမထွက်ဘူး..။ ကိုယ်ကြိုးစားလုပ်ပေမယ့် တံခါးက ကိုယ်ပိတ်ရင် သော့ကိုကြိတ်လှည့်တဲ့အသံတော့ ထွက်တယ်..။ သူကလည်း ဆတ်ဆတ်ထိမခံနေမယ်..။ မရ ရတာနဲ့ အပြစ်လှည့်တင်တာပေါ့..။ ကိုယ်ကအပြစ်လှည့်တင်တာမဟုတ်ဘူး..။ ပြေလည်အောင်လုပ်တာ..။ တံခါးက အစ်မသေချာအသံမမြည်အောင်ပိတ်တယ်..။ ဒါပေမယ့် အသံထွက်တာတော့ တမင်လုပ်တာမဟုတ်ဘူးဆိုပြီး သူနဲ့စကားဆက်ပြောချင်စိတ်ကုန်သွားလို့ မပြောတော့ဘူး..။ သူက သူအနိုင်ရချင်တာ..။ ပြေလည်ချင်စိတ်ရှိတာ မဟုတ်ဘူး..။ သူ့ဓာတ်ပုံလေးပြတုံးက ကြည့်ဖူးလိုက်တယ်..။ ပြီးခဲ့တဲ့ ၄ နှစ် စရောက်ကာစက သူ့မျက်နှာက နုနုလေးတဲ့..။ အခု တော်တော်ရင့်သွားပြီတဲ့..။ ဟုတ်တာပဲ..။ ဟိုးအရင်ကလို နုနုဖတ်ဖတ်လေး မဟုတ်တော့ဘူး..။ သူ့ဒေါသကြောင့်ဖြစ်မှာပဲ..။ ဟိုဘက် ၄ ယောက်ခန်းမှာလည်း နေလို့သာနေနေတာ..။ ဘယ်သူနဲ့မှ စကားမပြောဘူး..။ အကုန်လုံးနဲ့ လှည့်စကားများထားတယ်တဲ့..။


အဲဒီတစ်ယောက်နဲ့နှစ်လလောက်နေလိုက်ရတယ်..။ သူလည်း တစ်နေရာပြောင်းသွားတော့တယ်..။ သူ့နေရာကို အလုပ်လာရှာတဲ့တစ်ယောက်က နေရာယူလိုက်တယ်..။ သူရွှေ့သွားတော့ ကိုယ်က လမ်းကြုံတာနဲ့ အထုပ်တွေသယ်ပေးလိုက်ပါသေးတယ်..။ ကိုယ့်မှာ သေးငယ်တဲ့စိတ်ထားမရှိဘူးဆိုတာ ပြလိုက်တာပါ..။


အလုပ်လာတဲ့တစ်ယောက်က အလုပ်လွယ်လွယ်ကူကူရသွားပါတယ်..။ သူက ကိုယ်နဲ့အသက်အတော်ငယ်ပေမယ့် ဘယ်သူ့ကိုမှ တလေးတစားရှိပုံမရပါဘူး..။ ကိုယ်က စားပွဲသုံးနော်လို့ပြောထားတာဆိုတော့ သူ့လက်တော့ပ်က ကိုယ့်စားပွဲပေါ်က မဖယ်တော့ပါဘူး..။ ကိုယ်စာကြည့်တော့မယ်မှန်းသိလည်း ဖယ်ပေးရကောင်းမှန်းမသိပါဘူး..။ ဒါနဲ့ပဲ နောက်တော့ ကိုယ့်စာအုပ်တွေအကုန်တင်ထားခဲ့ပြီး သူ့ကိုမသုံးနဲ့တော့ဆိုတဲ့ အရိပ်အကဲပြလိုက်ပါတော့တယ်..။ ဒါပေမယ့် အလုပ်ကပြန်လာပြီးလည်း ကျန်တာတွေမလုပ်နိုင်သေးဘဲ ရုရှားနဲ့ ချက်ရ..၊ ဂျီတော့ပြောရပြန်ပါတယ်..။ သူဂျီတော့ပြောရင်း အညောင်းဆန့်တာ ဒီဘက်ကုတင်မှာတင်ထားတဲ့ ကိုယ့်ဖုန်းကိုတိုက်မိပြီး ဖုန်းကျပြီး ပါဝါကိုပိတ်သွားပါတယ်..။ ကိုယ်လည်း တော်တော်စိတ်ဆိုးပါတယ်..။ ကျောင်းတက်တဲ့သူ..၊ ပိုက်ဆံကိုအိမ်ကမှာသုံးရသူဆိုတော့ အပိုနှစ်ခုသုံးခု မသုံးနိင်ပါဘူး..။ပြန်တောင်းပန်ရမှန်းလည်း မသိပါဘူး..။ လျော်ရမှာစိုးလို့ မသိသလိုပဲနေပါတယ်..။


အလုပ်ရသွားတဲ့ တစ်ယောက်က ပိုဆိုးတာက ရုရှားနဲ့ ဂျီတော့ပြောလွန်းတာပါ..။ သူက တိုးတိုးပြောတာပါလို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် ဂျီတော့နဲ့တိုးတိုးဆိုတာ ဘယ်လောက်တိုးနိုင်မှာလဲ..။ တစ်နာရီလည်း မပြီး..၊ နှစ်နာရီလည်း မပြီးပါ..။ ကိုယ့်အကြောင်းအကျိုးပဲလို့ အခုမှပြန်မြင်နိုင်ပါတယ်..။ သူကလည်း သူ့ဂျီတော့အသံထွက်တာကို ကိုယ်မကြည်မှန်းသိတော့ ညဆိုမီးစောစောပိတ်ပါတော့တယ်..။ မနက်ဆိုလည်း ကိုယ့်မျက်နှာတည့်တည့်ပေါ်ကမီးကို ကိုယ်တမင် မနိုးနိုးအောင် ဖွင့်ပါသေးတယ်..။ ကိုယ့်အကုသိုလ်တွေလည်း ဒီဘ၀ဒီမျှ ကုန်ပါစေတော့လို့ ဆုတောင်းချင်ပါတယ်..။


ကိုယ်ကညနက်အောင် စာကြည့်ရသူ..။ နောက်ပြောင်းလာတဲ့ အလယ်ကုတင်ကတစ်ယောက်ကလည်း သွားကာနီးမှ မီးပူတိုက်တတ်သူ..။ ကိုယ်ဟာ အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန် စာကြည့်ခွင့်..၊ အိပ်ခွင့်ပါမလာသူပဲနေမလား..။ ခြောက်လ အဲဒီအခန်းမှာ ၀ဋ်ခံခဲ့ရတယ်..။ အဲဒါပြီးတော့ ကိုယ့်ရဲ့သည်းခံနိုင်တဲ့စိတ်လေးက တစ်ဆစ်လောက်ပြန်ဝင်သွားတယ်လို့ ယူဆနိုင်ကောင်းတယ်..။ အဲဒီအခန်းမှာ လူတွေအားလုံးက သာမာန်လခစားတွေချည်းပဲ..။ ဘယ်သူမှထူးထူးချွန်ချွန်များနေတဲ့သူ မပါဘူး..။ ဒါပေမယ့် ဘွဲ့ရတွေချည်းပဲလို့ပြောရမယ်နော်..။


အခုလည်း တစ်ယောက်တည်းနေလာတာ တစ်နှစ်ကျော်အကြာမှာ နှစ်ယောက်နေဖို့ အကြောင်းဖန်လာပြန်တယ်..။ နှစ်ယောက်နေတော့ ကိုယ်နဲ့အခန်းဖော်က သန့်ရှင်းရေးအလုပ်သမား..၊ ပြည်ကြီးတရုတ်မ..။ ညကို အခန်းပြင်ထွက် လက်တော့သုံးဖို့ Request လုပ်တယ်..။ ရပါတယ်ပေါ့..။ မနက်ခင်းမှာ မီးမဖွင့်ဖို့ အိမ်ပိုင်ရှင်ကိုပြောခိုင်းတော့ အိမ်ပိုင်ရှင်က ပြောမပြော သေချာမသိရဘူး..။ ဒါပေမယ့် မနက်ခင်းမှာ အေးအေးဆေးဆေးပဲ..။ မီးလည်းမဖွင့်ဘူး..။ အသံကြားတာနဲ့နိုးတတ်တဲ့ကိုယ်ကလည်း သူထတာနဲ့ နိုးပါတယ်..။ ဒါပေမယ့်ဘာမှ ဆူဆူညံညံသံမထွက်ဘူး..။ အ၀တ်ဗီရိုက ဆီနည်းလို့မြည်တဲ့အသံ..၊ တံခါးကြိတ်ဖွင့်သံတွေပဲကြားရတယ်..။ ဖျတ်ဖျတ်ဆို ခဏနဲ့ငြိမ်သွားတာပါပဲ..။


ဆိုတော့ ကျွန်တော်တို့ဘွဲ့ရတွေရဲ့အသိက အလုပ်သွားရမှာမို့ စောစောမီးမှိတ်ချင်တယ်ဆို အိပ်တာနောက်ကျလို့ မထနိုင်သေးသူအတွက် မီးမထွန်းသင့်ဘူး..၊ မီးပူမတိုက်သင့်ဘူးဆိုတာ သူတို့အကဲမခတ်နိုင်ဘူးလား..။ မကြိုက်လည်း ငါအဆင်ပြေရင်ပြီးရော..၊ ငါလုပ်ချင်လုပ်မှာပဲဆိုတဲ့ ငါတကော ကော နေတဲ့စိတ်ဓာတ်တွေနဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအဆင်ပြေကြတော့မလဲ..။ဆိုတော့ကျွန်တော်တို့ရဲ့ ပညာရေးနဲ့ဆိုင်မလား..၊ လူမှုပတ်ဝန်းကျင်..နဲ့ဆိုင်မလား..။ အစိုးရအုပ်ချုပ်ရေးမကောင်းလို့ လူတွေရိုင်းကုန်တာလို့ အပြစ်ပုံချရမလား..။ လောကနီတိမသင်ပေးလိုက်လို့ပဲ အပြစ်တင်ရမလား..။ မြန်မာတွေများရင် အဆင်မပြေကြတော့ဘူး..။ ဒါကို ကျွန်တော်တို့ဘယ်လို ဖြေရှင်းကြမလဲ..။ လောကနီတိမသင်ရင် ဘယ်လိုမှမရနိုင်ဘူးလို့ ကျွန်တော်တော့မြင်မိတယ်..။


မိခင်၏နှောင်ကြိုးကိုဖြည်ပါအံ့



သည်းစွာသောအနာကို

ကုစားပါအံ့

သမီး၏ လုံ့လဝီရိယဖြင့်

နာလန်ထူပါစေအံ့ ...

မွေးကျေးဇူးကို မသိတတ်သော

ထိုသူတို့အား သိနားလည်အောင်

ဆွဲဆောင်နိုင်စွမ်းကို

သမီးအားပေးပါလေ ...

တွေ့ရအံ့သော ဘေးရန်တို့ကို

သမီး ထီမည်မဟုတ် ...

တစ်ဘဝတွင် တစ်ခါသာ သေရသည်ဖြစ်၍

အဘယ်နည်းနှင့်သေရသည်ဖြစ်စေ

သမီး၌ မထူးခြား ...

သမီး၏စိတ်ကူးတို့

အကယ်အဖြစ်သို့ရောက်သောအချိန်တွင်

အသင်တို့သည်လည်း

ပျော်မြူးကြရမည် ...

အခြားအခြားသော သူတို့၏

ရှုံ့ချခြင်း

ကဲ့ရဲ့ခြင်း

မုန်းတီးရွံရှာခြင်း

နာမည်ဖျတ်ခြင်းတို့ကို

သမီးအလျဉ်းဂရုမပြု ...

မိခင်ထံမှ ဒါမှ ငါ့သမီးဟူသော

ကျူးရင့်သံကိုသာ

တောင့်တပါ၏ ...

လောကတွင် မိခင်၏ကျေးဇူးကို

အသိတတ်ဆုံးသမီး ဖြစ်ရပါလို ...။



အောင်ဆန်းစုကြည်

စာ စနစ်တကျဖတ်ဖို့..။


-တစ်လောက ဂျူနီယာတစ်ယောက်တွေ့မိတယ်။ နိုင်ငံရေးနဲ့ပတ်သက်တာတွေ ပြောတော့ ကိုယ်က နားထောင်သူပေါ့။ သူက ဟိုစာအုပ်၊ ဒီစာအုပ် ဖတ်ပြီးပြီလား။ ဒီဟာသိပြီးပြီလား စသဖြင့်ပြောတယ်။


-အဲ့ဒါနဲ့ပြန်မေးဖြစ်တယ်။ ညီက ဘာကိုလိုချင်တာလဲ။ စာအုပ်ထဲက အနှစ်သာရကိုသိချင်တာလား။ ဒါမှမဟုတ် နိုင်ငံရေးအယူအဆတစ်ခု နဲ့ပတ်သက်တာကို စံနစ်တကျ လေ့လာချင်တာလား လို့မေးမိတယ်။ သူငြိမ်ပြီးနားထောင်နေတယ်။


-ဒါနဲ့ဆရာဖေမြင့်စကားကိုပြန်ပြောပြမိတယ်။ စာအုပ်ဆိုတာ စာရေးသူတစ်ယောက်က သူ့ကိုယ်ပိုင်သုံးသပ်ချက်တွေနဲ့ရေးထားတာရှိတယ်။ နာမည်ကြီးချင်လဲကြီးမယ်။ ကောင်းချင်လဲကောင်းမယ်။ နာမည်မကြီးဘဲကောင်းနေတာတွေလဲရှိတတ်တယ်။ ဒါပေမယ့်သူပြောတာအားလုံးအမှန်လို့ယူဆပြီး ဒီအထဲကဟာတွေကို ကိုးကွယ်နေလို့မရဘူးဆိုတာကို ပြန်ရှင်းပြရတယ်။ ဘယ်လောက်ဖတ်သလဲဆိုတာထက် အဲ့ဒီစာကို ဘယ်လိုဖတ်ပြီး ဘာတွေ ဘယ်လောက်နားလည်တတ်ကျွမ်းသွားသလဲဆိုတာက ပိုအရေးကြီးပါတယ်ဆိုတဲ့သဘောပါ။


-နောက် အယူအဆတစ်ခုမှာ Hypothesis လို့ခေါ်တဲ့ အဏုမာန မှန်းဆခြင်းဆိုတာရှိတယ်။ အဏုမာနမှန်းဆခြင်းဆိုတဲ့အဆင့်ဟာ Scientific Testing လို့ခေါ်တဲ့ အဆင့်ဆင့် ဖြတ်ကျော်သုတေသန လုပ်မထားရသေးတဲ့ ဟာတွေဖြစ်တယ်။ ဒီလို သုတေသနလုပ်မထားရသေးတဲ့ အယူအဆတွေကို နိုင်ငံရေးဂျာနယ်တွေ၊ ဆောင်းပါးတွေမှာတွေ့ရတတ်တယ်။ ဒီလိုဟာတွေကိုအကုန်မှန်မယ်လို့ယူဆလို့မရဘူး။ သူတို့တည်ဆောက်တဲ့ အဆို(Arguments) တွေအားကောင်းရင် ကိုယ်က ယုံမိတတ်တယ်။ ဒါပေမယ့်ဒါဟာ Strong Arguments အဆင့်ပဲရှိပါသေးတယ်။ သက်သေပြပြီးသား(Evidence Based) တွေမဟုတ်သေးပါဘူး။


-ဒါကြောင့် အယူအဆ တစ်ခုကိုတွေ့တယ်ဆိုရင် ဒီအယူအဆအပေါ် ဘယ်လို အနုစိတ်သုံးသပ်ထားသလဲဆိုတဲ့ ကျယ်ပြန့်တဲ့အမြင်ကိုလိုချင်ရင် ဒါတွေကိုပြန်ပြီး သုတေသနလုပ်ထားတဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ် ဆိုတာတွေကိုဖတ်ရပါတယ်။ ဂျာနယ်ဆိုတာ မြန်မာပြည်ကဂျာနယ်မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ဂျာနယ်ဆိုတာ ပညာရပ်စာတမ်းတွေ ဖော်ပြတဲ့စာစောင်တွေကိုပြောတာပါ။ သက်ဆိုင်ရာပညာရပ်ထိပ်သီးတွေက တည်းဖြတ်ပြုစုတဲ့စာတမ်းတွေကိုပြောပါတယ်။ ဒီလို စာတမ်းတွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပြီး အယူအဆ သီအိုရီတစ်ခု အားကောင်းခြင်းရှိမရှိ၊ အသစ်တွေ့ရှိချက်များ ကျန်မကျန် ကိုစစ်ဆေးရပါတယ်လို့။


-ဒါကြောင့်ပါ။ ဒီလို ပညာရပ်ဂျာနယ်တွေကို ဆန်းစစ်လေ့လာထားတာတောင်မှပဲ တစ်ကယ့်လက်တွေ့အကောင်အထည်ဖော်ရင်အများကြီး ပြဿနာတက်တာတွေရှိနေတတ်ပါသေးတယ်။ အထူးသဖြင့် ပြည်သူနဲ့ဆိုင်သော မူဝါဒများ (Public Policy) တွေကို ဘယ်ဟာချမှတ်သင့်သလဲ ဆိုတာကို ဆန်းစစ်ဝေဖန်ထားတဲ့ သုတေသနစာတမ်းတွေဆိုရင်တောင်မှပညာရှင်အသီးသီးက ရှုဒေါင့်စုံကနေ ဆန်းစစ်ပြထားတဲ့အမြင်တွေကိုလေ့လာပြီးမှ ပေါ်လစီချမှတ်သူက ဆုံးဖြတ်ချက်ချရတာမျိုးပေါ့။


-ဒါလေးတွေက ဗဟုသုတပြောပြဖူးတာလေးပေါ့ဗျာ။ သင့်သလိုသုံးနိုင်ကြပါတယ်။ Credit to Myo Set

ဘ၀မှ ရရှိသော သင်ခန်းစာ-




၁.နှိမ့်ချ ပြက်ရယ်ပြုခြင်းကို အမြဲတစေခံရသော ကလေးသည် တွန့်ဆုတ် ကြောက်ရွံ့လေ့ရှိ၏။


၂.ပြစ်တင်ရှုံ့ချခြင်း အမြဲတစေခံရသောကလေးသည် သူတစ်ပါးကို အပြစ်ရှာလေ့ရှိ၏။


၃.အမုန်းနှင့်ထိတွေ့သောကလေးသည် သူတစ်ပါးကို ရန်မူနေလေ့ရှိ၏။


၎.မေတ္တာဖြင့်ထွေးပိုက်ခြင်း မခံရသော ကလေးသည် သူတစ်ပါးကို ရန်မူလေ့ရှိ၏။


၅.ထောက်ခံအားပေးမှုခံရသောကလေးသည် မိမိ၏စွမ်းရည်ကို အားထားယုံကြည်လေ့ရှိ၏။


၆.ချီးမြှင့်မြှောက်စားခြင်းခံရသောကလေးသည် သူတစ်ပါးကျင့်ကြံဆောင်ရွက်မှုကို တန်ဘိုးထားလေ့ရှိ၏။


၇.အေးအတူ ပူအမျှ စိတ်ထားရှိသူနှင့် နေရသောကလေးသည် သူတစ်ပါးအပေါ် စာနာလေ့ရှိ၏။


၈.သည်းခံတတ်သူနှင့် ထိတွေ့နေရသော ကလေးသည် သူတစ်ပါးကို ခွင့်လွတ်လေ့ရှိ၏။


၉.ဗဟုသုတရှာမှီးသူများနှင့် နေရသောကလေးသည် ပညာ၏တန်ဘိုးကို သိရှိလာတတ်၏။


၁၀.ပျော်ရွှင်သော ပေါင်းသင်းစုနှင့်နေရသောကလေးသည် မေတ္တာနှင့် လှပခြင်းကို ရှာဖွေတွေ့ရှိတတ်၏။


ကလေးပြုစုရေးဌာန(ရွှေဂုံတိုင်)

အညာသင်္ဘောသီးသုပ်..။



မစံပယ်တို့ဒေသမှာ သင်္ဘောသီးသုပ်က ဆောင်းတွင်းမှာပဲရောင်းကြသည်ထင်သည်..။ အချိန်ပြည့်မရပါ..။ သင်္ဘောသီးသုပ်ဝါ၀ါထိန်ထိန်လေး စားရလျှင် မစံပယ်မှာ ကြိုက်လှသည်..။ (ဟမ်..မကြိုက်တာဘာရှိလို့လဲ..။ ရှိပါဘူး..။:D) တစ်ခါကလည်း ဖေ့စ်ဘုတ်ထဲကအစ်ကိုတစ်ယောက်က သူ့ဒေသက သင်္ဘောသီးသုပ်ပုံတင်ကာ သူ့သူငယ်ချင်းတွေကို ကလိသည်..။ ထိသွားသည်ကတော့ မစံပယ်တည်း..။ သင်္ဘောသီးသုပ်စားချင်သည်..။ သင်္ဘောသီးအစိမ်းသည်ရှာသည်..။ သြော်..တွေ့ပြီ..။ မစံပယ်ဝယ်နေကျဆိုင်မှာ နေ့တိုင်းရသည်ပဲ..။ ဈေးလည်းသက်သာသည်..။ အိုကေ..။ သင်္ဘောသီးအတွက် အဆင်ပြေပြီ..။


သင်္ဘောသီးနန်းဆွဲဖို့ နန်းပြားဝယ်ရဦးမည်..။ ဆိုင်တွေမှာတွေ့သည်..။ ဈေးက မသက်သာလှ..။ ဒါနဲ့ တကူးတကကို တစ်ခြားအရပ်ကိုသွားပြီး နန်းဝယ်လိုက်သည်..။ အိုကေပြီ..။


ကြက်သွန်ဖြူလေးဆီသတ်ပြီး ဆီဝါချက်သည်..။ ဟမ်း..မွှေးလှသည်..။


ပဲမှုံ့က လက်ဆောင်ရတာ အစိမ်းမှုံ့ပဲရှိသည်..။ ကိစ္စမရှိ..။ အိုးပူပေးကာ ပဲမှုံ့စိမ်းကိုလှော်လိုက်သည်..။ ပဲမှုံ့အကျက်ဖြစ်သွားပြီ..။ လူကြံဘာခံနိုင်မလဲလေ..။


သင်္ဘောသီးကို အခွံနွှာရသည်..။ ထက်ခြမ်းခွဲကာ အစေ့ထုတ်ရသည်..။ နန်းဆွဲရသည်..။ အစားအတွက်ဆို အပင်ပန်းခံသည်..။ နန်းဆွဲပြီးသားသင်္ဘောဖတ်လေးများကို နှယ်ရလွယ်မည့်ဇလုံကြီးကြီးထဲထည့်ကာ ပဲမှုံ့..၊ ဆီကျက်..၊ ငါးငံပြာရည်..၊ ဆား..၊ မန်းကျည်းသီးမှည့်ရေ..(ရေဆေးပြီး ရေနွေးစိမ်ထားသည်..။ အနှစ်ရလွယ်အောင်..။)..။ ပုစွန်ခြောက်မှုံ့လေးထောင်းကာထည့်သည်...။ ပိုပြီးချိုမြိန်အရသာရှိစေသည်..။ အားရပါးရနှယ်ရသည်..။ လက်ညောင်းအောင်နှယ်ရတတ်သည်..။ အပေါ့အငံမြည်းပြီး ပဲမှုံ့များများထည့်ရသည်..။


အိုး... မွှေးလှ၊ကြိုင်လှ၊စပ်လှသော အညာသင်္ဘောသီးသုပ်လေး စားရပြီ..။ အိမ်အလွမ်းပြေသည်..။ ကောင်းလေစွ..။


မှတ်ချက်။ ။ ပဲမှုံ့ပြတ်လပ်သွားလျှင် အာလူးကိုပျော့အောင်ပြုတ်ပြီး အအေးခံကာ သင်္ဘောသီးနှင့်ရောနှယ်လည်းရသည်..။ ပဲမှုံ့ပြတ်သွား၍ မစံပယ်ဒီနည်းကို အားကိုးနေရသည်..။ (ဤကားစကားချပ်..။) ဓာတ်ပုံနောက်မှတင်မည်..။ စာရေးချင်၍ ကောက်ရေးထားလိုက်သည်..။

ဆွေးနွေး ငြင်းခုံခြင်း..။




ဂေါတမ မြတ်စွာဘုရားသည် ယနေ့အချိန်ထိ သက်ရောက်မှုရှိနေသည့် ဓမ္မ (တရား)နည်းလမ်းကျသော အပြန်အလှန် ဆွေးနွေးမှုများအား အောက်ပါ အတိုင်း အချက်ကြီး ၁၀ ချက်ဖြင့် ဟောကြားခဲ့လေသည်.....


(၁) ပညာရှိသည် မဆန့်ကျင် မထောင်လွှားပဲ ဆွေးနွေးသင့်၏

(၂) မပြန့်လွင့်သည့် စိတ်နှင့် ဆွေးနွေးသင့်၏

(၃) ဂုဏ်မပြိုင် နိုင်ထက်စီးနင်း မပြုပဲ ဆွေးနွေးသင့်၏

(၄) ငြူစူခြင်းမရှိပဲ ဆွေးနွေးသင့်၏

(၅) ကောင်းစွာသိ၍သာ ဆွေးနွေးသင့်၏

(၆) သူတစ်ပါးကို ချုပ်ချယ် စောင်းမြောင်းခြင်း မပြုသင့်

(၇) ချွတ်ချော်သော စကားကိုလည်း အပြစ်ဟု မယူသင့်

(၈) ပါဠိ ပါဋ္ဌ်သားများအား ရွတ်ဆို၍လည်း မလွှမ်းမိုးသင့်

(၉) အကြောင်းပြပြီး ဖိနှိပ်ခြင်းလည်း မပြုသင့်

(၁၀) အမှန်၊ အမှား ရောထွေးသော စကားကို မပြောသင့်ဟု အင်္ဂုတ္ထိုရ် တိကနိပါတ်၊ ကထာဝတ္ထု သုတ်တွင် ဟောကြားခဲ့ပေသည်.....။

အဆိုပါ ဟောကြားချက်များသည် ယနေ့အချိန်အခါတွင် မည်သည့်ဆွေးနွေးမှုမျိုးတွင်မဆို ကျင့်သုံးနိုင်ပါက လွန်စွာပင် ကောင်းမွန်ပေသည်..... အမှတ်စဉ် (၈) နေရာတွင် ဘာသာရေး ဆွေးနွေးခြင်းအစား နိုင်ငံရေးဆွေးနွေးရာတွင် စကားလုံးကြီးများနှင့် ဖိနှိပ်မှုဟုယူသော် ရပေလိမ့်မည်......။ Credit to James Mint

ဗုဒ္ဓဟောသည့် မဆွေးနွေးသင့်သောပုဂ္ဂိုလ်များ
________________________________________

၁။ ပြဿနာကို မေးလိုက်တဲ့အခါ တိုက်ရိုက်ဖြေဆိုသင့်ပါလျက်နဲ့ တိုက်ရိုက်မဖြေသူ
၂။ ဝေဖန်ပြီး ဖြေဆိုရမယ့် ပြဿနာကိုလည်း ဝေဖန်ပြီး မဖြေသူ
၃။ ပြန်မေးပြီး ဖြေရမယ့် ပြဿနာမျိုးကိုလည်း ပြန်မေးပြီး မဖြေသူ
၎။ ပြဿနာကို မေးမြန်းတဲ့အခါ အကြောင်း ဟုတ်သည် ၊ မဟုတ်သည်ကိုလည်း မကြည့်
၅။ ကြံဆအပ်သော အရာကိုလည်း မကြံဆ
၆။ သိရမည့် ၀ါဒကိုလည်း မပြနိုင်
၇။ ဖြေဆိုသူတို့ ၏ ကျင့်ဝတ်နှင့်လည်း မတည်
၈။ပြဿနာကို မေးမြန်တဲ့အခါ စကားကြောင်းလွဲပြီး ဖုံကွယ်သူ
၉။မေးတဲ့ ပြဿနာနဲ့ မဆိုင်တဲ့ အပြင်စကားများကိုပြုပြီး ပြဿနာကို ပယ်သူ
၁၀။ စိတ်ဆိုးအမျက်ထွက်ပြီး မနှစ်သက်မှုကို ထင်ရှားအောင်ပြုသူ
၁၁။ ပြဿနာမေးမြန်းတဲ့အခါ ပါဠိပါဋ္ဌ်သားများကို တသီကြီးရွတ်ပြီး တဖက်သားကို လွှမ်းမိုးဖို့ ကြိုးစားသူ
၁၂။ အကြောင်းအမျိုးမျိုးဖြင့် ဖိနှိပ်တတ်သူ
၁၃။ တတ်ယောင်ကား ပုံစံဖြင့် မေးသူအား သံသယပွားလာအောင် ဟားတိုက်သူ

မစံပယ်ကတော့ စိတ်လှုပ်ရှားမှုပြင်းထန်ကာ မိမိအသက်အရွယ်၊ ပညာကိုမထောက်..၊ သူတစ်ပါး၏ကိုယ်ကျင့်တရားကိုမငဲ့ကွက်..၊ ကလေးဆန်လှသော အပြုအမူရှိသူများနှင့် အပြိုင်ငြင်းရမှာ စိတ်ပျက်လှပါသည်..။ တစ်ဘက်လူဘာပြောချင်သည်ကို အလေးမထား..၊ တစ်ဘက်လူ၏အခြေအနေ..၊ သဘောသဘာဝ..၊ ဖြေရှင်းချက်ကိုလက်သင့်ခံကြားနားခြင်းမရှိ..။ မိမိပြောသည်သာအမှန်..၊ အသင့်တော်ဆုံးဟုထင်သည့် ကလေးကလားဆန်သူများနှင့် စကားတုဖက်ပြိုင်ပြောရမည်ကို စိတ်ပျက်လှသော်လည်း လူမှုအသိုင်းအ၀န်းတွင်နေနေရသည်ဖြစ်ရာ ရှောင်လွှဲမရ ကြုံလာလျှင်လည်း ပြန်တုံ့ပြန်ရန် စဉ်းစားထားရပါသည်..။


စကားပြောရာတွင် မစံပယ်ထည့်စဉ်းစားသည်မှာ စကား၏ဆိုလိုရင်းသည် ဘာလဲ..။ သူနားလည်အောင် ဘယ်လိုပြောမလဲ..။ ဘယ်နည်းနှင့်ပြောလျှင် သူခံသာမလဲ..၊ သူ့ဂုဏ်သိက္ခာမထိခိုက်စေရန် မည်သို့ပြောမည်လဲ..စသောအချက်များကို စဉ်းစားပါသည်..။ စကားသည် လူတစ်ယောက်၏ စိတ်နေစိတ်ထား..၊ အဆင့်အတန်းကို ကိုယ်စားပြုဖော်ပြသည်ဟု မှတ်ယူပါသည်..။ မိမိ၏အပြောအဆို အပြုအမူကြောင့် သူတစ်ပါးဂုဏ်သိက္ခာထိပါးမည်ကိုလည်း အလေးထားထားမိရ၏..။

အချို့လူများ၏ ကိုယ်မှန်လျှင်ပြီးရော..၊ ကျန်တာ ဘာမှဂရုမစိုက်ဟူသောသဘောများကို အံ့သြမိသည်..။ ကိုယ်မှန်လျှင် မည်သူနှင့်ချဲရချဲရ..၊ စကားများရများရ.. ကိစ္စမရှိဟု အမှန်နှင့်အနိုင်ကို တွဲလိုက်တတ်သူများ၏ ကလေးဆန်မှု..၊ မပြည့်ဝမှုသဘောတရားများကို မျက်ဝါးထင်ထင် ကြုံခဲ့ရာမှ ပြည့်ဝသူများ၏ တုံ့ပြန်ပုံများကို ရှာဖွေမှတ်သား အတုယူရသည်..။

စိတ်သဘောထားပြည့်ဝသူများသည် မငြင်းခုံတတ်..၊ ငါ့စကားနွားရ ကိုယ်မှန်လျှင်ပြီးရော ရောမချတတ်..။ ရန်မလိုတတ်..။ ထိုသူမျိုးဖြစ်အောင် မစံပယ် ကြိုးစားရပါဦးမည်..။ ထိုသဘောရှိသောသူများနှင့် ကွေကွင်းခဲ့ရသည့်အတွက်လည်း မစံပယ်မှာ ကိုယ့်ကြမ္မာကိုယ် ၀မ်းသာအားရ.. ကျေနပ်လက်ခံမိနေပါတော့သည်..။


C# Beginner Book ဖတ်ပြီး ဘာဆက်လုပ်ရမလဲ...။



မေး။ ။ ကျွန်တော် အသက်(၁၆)နှစ်ရှိပါပြီ..။ အနာဂတ်မှာ Programming Field ထဲမှာ အလုပ်လုပ်မယ်လို့ စဉ်းစားထားပါတယ်..။ နိုင်ငံခြားတက္ကသိုလ်ကိုကျောင်းလျှောက်လိုက်ပြီးကတည်းက Programming ကို အတွေ့အကြုံရဖို့ စလေ့လာထားချင်ပါတယ်..။ ပညာရေးအတွက်ရော..၊ နောင်အလုပ်အတွက်ရော အဆင်ပြေချင်လို့ပါ..။ မနှစ်ကတော့ Java သင်ခဲ့ပါတယ်..။ ဒါပေမယ့် စာအုပ်တစ်အုပ်ပြီးတာနဲ့ စိတ်ပျက်လာပြီး သူ့ကိုမစွန့်လွှတ်ခင်တော့ Project တစ်ခု ပြီးခဲ့ပါသေးတယ်..။


ဒီနှစ်တော့ C# သင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ..။ Java အခြေခံနည်းနည်းရှိထားတော့ တစ်ချို့အချက်တွေ ပြန်အမှတ်ရပါတယ်..။ အရင်အတွေ့အကြုံရှိမထားတော့ ပြန်တော့ဖတ်ရပါတယ်..။ ကျွန်တော့်အထင် အဲဒီနှစ်ခုက တူသင့်သလောက်တူပြီး မတူသင့်သလောက်လည်း ကွဲတယ်လို့ ထင်ပါတယ်..။


ကျွန်တော်C# စလေ့လာတာကတော့ Herb Schildt's ရဲ့ "C# 3.0 A Beginner's Guide" ဆိုတဲ့ စာအုပ်ပါ..။ ပြီးအောင်လေ့လာပါတယ်..။ ဒါပေမယ့် စာအုပ်ပြီးတော့ အခုဘာဆက်လုပ်ရမလဲ မသိပါဘူး..။ တွေ့ရာပရောဂျက်တစ်ခု ကောက်ရေးနေပါတယ်..။ (တကယ်လုပ်နိုင်တာထက် အများကြီးပိုနေတယ်ဆိုတာ တွေ့ပါတယ်..။) ပိုအဆင့်မြင့်တဲ့ ခေါင်းစဉ်တွေကို ဖတ်ရမလား..။(လက်တွေ့အတွေ့အကြုံက မရှိပါဘူး..။)ဒီစာအုပ်ဖတ်ပြီးပေမယ့် တကယ်စွမ်းဆောင်နိုင်တဲ့ Programmer ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး..။


အဖြေ ၁။ ။ သေးသေးလေးက စလုပ်ပါ..။ တကယ့်သေးသေးလေးကို ရေးပါ..။ ရိုးရှင်းလွယ်ကူပြီး ပြီးအောင် ပြည့်စုံသွားအောင် ရေးပါ..။


ပထမProgram ပြီးတာနဲ့ နည်းနည်းပိုရှုပ်ထွေးတဲ့ ဒုတိယတစ်ပုဒ်ရေးပါ..။ ဒါပေမယ့် သေးသေးလေးက စရေးပါ..။ ဥပမာ။ ။ unit ပြောင်းတဲ့ Text Based Application လိုမျိုးကို စရေးပါ..။


အဲဒါကိုပဲ လအနည်းငယ်ကြာအောင်ရေးပါ..။ ဘယ် Program တစ်ခုထဲပေါ်မှာပဲ အာရုံမစိုက်ပါနဲ့..။ ပြီးခဲ့တဲ့အဟောင်းတစ်ခုကိုပဲ နည်းနည်းစီ ထပ်ထည့်ပြီး ပြီးသွားအောင် ပြည့်စုံသွားအောင် ကြိုးစားပါ..။ အမှားလုပ်မိမှာနဲ့ Code တွေ မကောင်းတာ ညံ့တာဆိုတာ မပူပါနဲ့..။


ဘာလဲဆိုတော့ အကြိမ်တိုင်း တကယ်ပြီးအောင်လုပ်ဖို့က လိုရင်းပါပဲ..။ ဒါမှ တွန်းအားဖြစ်လာမယ်..။ ဒါပေမယ့် စိတ်ဝင်စားစေမယ့် element အသစ်တွေရှိပါတယ်..။ အတင်းစိတ်အားထက်သန်လွန်းလို့လည်း မရပါဘူး..။ အစောပိုင်းပရောဂျက်တွေမှာ ဆုံးဖြတ်ချက်အမှားတွေလုပ်တာက နောက်တစ်ခါ မလုပ်မိစေတော့ဘူးပေါ့..။ Problems ကို မတူညီတဲ့ချဉ်းကပ်မှုနဲ့ ချဉ်းကပ်နိုင်မယ်..။ အမှားတွေလုပ်မိနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ Problem တွေက ဓားသွေးကျောက်တွေ ဖြစ်လာတာပါပဲ..။ Problem ကို သေးငယ်အောင်လုပ်လိုက်တာနဲ့အမျှ ပြဿနာအသစ်တွေကို အောင်မြင်နိုင်လုပ်နိုင်ပြီး Design Decision နဲ့ပတ်သက်လို့ စိတ်ပျက်ပြီး လက်လျှော့ချင်တာမျိုး ဖြစ်မှာမဟုတ်တော့ပါဘူး..။ အကြိမ်တိုင်းပြန်လည်တက်ကြွလာပြီး ပေါ်လာတဲ့အကြံဥာဏ်တွေကလည်း ဂုဏ်ယူစရာCode တွေ ဖြစ်လာစေမှာပါပဲ..။

အဖြေ ၂။ ။ CRUD operation တစ်ခုနဲ့ Database နဲ့ Database ချိတ်တဲ့ Web Application တစ်ခု ရေးပါ..။(CRUD operation ဆိုတာ Create,Read,Update,Read ပါ..။ Insert,Update,Delete နဲ့ သဘောထားချင်းအတူတူပါပဲ..။ အသုံးအနှုန်းပဲ ကွာတာပါ..။ ။မစံပယ်) ဒီအရည်အချင်းက ယေဘုယျအားဖြင့် ရှိသင့်တဲ့အရည်အချင်းပါ..။ နည်းနည်းပိုကောင်းချင်ရင်တော့ User Interface မှာ JavaScript လေးဘာလေး ထည့်ရေးပေါ့..။

အဖြေ ၃။ ။Project အတွက် Idea လိုတယ်ဆိုပါတော့..။ ကွန်ပျူတာပြင်ပက မင်းဝါသနာကိုကြည့်လိုက်ပါ..။ မင်းဝါသနာကို ကွန်ပျူတာနဲ့ပြီးနိုင်တဲ့တစ်ခုကို ရွေးလိုက်ပါ..။ ဥပမာ။ ။ မင်းက ဓာတ်ပုံဆရာဆိုပါတော့..။ Photo Album Program လေးရေးပေါ့..။ အဲဒါမင်းအတွက် အသစ်စက်စက်ကြီးဖြစ်မနေဘဲ မင်းစိတ်ဝင်စားတာအပေါ်မှာပဲ ထပ်ချဲ့သွားတာပေါ့..။ Hello World Program ထက်တော့ ကြီးမှာပဲလေ..။ မရေးခင်တော့ မင်း Program က ဘာလုပ်ချင်တယ်ဆိုတာ ချရေးထားပါ..။ အစိတ်အပိုင်းသေးသေးလေးတွေခွဲထားပြီး တစ်ခုချင်းစုစည်းရေးသွားပါ..။

အဖြေ ၄။ ။ ငါကတော့ ငါ့အရည်အချင်းကို အွန်လိုင်းမှာတွေ့တဲ့ Code Kata exercises တွေနဲ့မြှင့်ခဲ့တာပဲ..။ 15 Exercises to Know a Programming Language ဆိုတာတွေနဲ့ပေါ့..။ ဒါတွေပြီးရင်တော့ လက်တွေ့ကျတဲ့ Applications တွေရေးပေါ့..။ ဘယ်လို Program နေနေ (မင်းကိုပျော်စေရုံ Program လေးနေနေ) ရေးပါ..။
-Calculator
-ရိုးရိုး Crawler, Website ရှာတဲ့ Program (amazon.com က တစ်ချို့Products တွေကို နာရီးခြားတိုင်းရှာတဲ့ Application သေးသေးလေးဖြစ်ဖြစ်)
-Text based game
-Log file parser
-Open source project ရှာပြီး အဲဒီမှာလည်း ၀င်ရေးတာမျိုး

ဘယ်နည်းနဲ့ဖြစ်ဖြစ်..၊ လေ့ကျင့်ခန်းတစ်ခုတည်းကို ထပ်ခါထပ်ခါလုပ်တာလည်း အထောက်အကူပြုပါတယ်..။ Factor တွေပြန်ခွဲတာ..၊ Pattern တွေ သတ်မှတ်လိုက်နာတာ..၊ Unit Testing တွေ လေ့ကျင့်တာဖြစ်ဖြစ် လုပ်ပါ..။

အဖြေ ၅။ ။ Program ရေးဖို့ရာ Programming (အစီအစဉ်ဆွဲခြင်း) ဖြင့်ပဲ သင်ရမယ်..။ Computer ကို မင်းလုပ်စေချင်တဲ့ ရိုရိုး Program ကိုရွေးပါ..။ ရေးပါ..။

အဖြေ ၆။ ။ Programming ရေးတာကနေပဲ စပါ..။ စာဖတ်နေရုံနဲ့တော့ ဘယ်မှရောက်မှ မဟုတ်ဘူး..။ ပရောဂျက်သေးသေးလေးကနေစပါ..။ Address book တို့..၊ Calculator တို့လို့ ဘာဖြစ်ဖြစ်..။ စစချင်းပရောဂျက်တွေကတော့ အသုံးဝင်ချင်မှ ၀င်မယ်..။ ဒါတွေကိုပဲ အကြိမ်ဒါဇင်ပေါင်းများစွာ ပြန်ရေးရရင် ရေးရလိမ့်မယ်..။ ပထမဆုံးရေးတာကို တော်တော်နဲ့ကျေနပ်နိုင်မှာမဟုတ်ဘူး..။ ဒါပုံမှန်ပါပဲ..။ မင်းမေးတာနဲ့နည်းနည်း လွဲချင်လွဲမယ်..။ တကယ်လုပ်နိုင်တဲ့ Programmer ဆိုတာ Language တစ်ခုမှာ Master ဖြစ်အောင်ထူးချွန်နေတာထက်ပိုတယ်ဆိုတာ မင်းစဉ်းစားထားသင့်သေးတယ်..။

အဖြေ ၇။ ။ နည်းပညာပိုင်းဆိုင်ရာမှာ နောက်တစ်ဆင့်လှမ်းမယ်စဉ်းစားထားရင်တော့ ကျွမ်းကျင်အောင်လုပ်ရမှာပဲ..။ လေ့ကျင့်မှုနဲ့ပဲ ကျွမ်းကျင်မှုကိုရနိုင်မယ်..။ ဘာရေးဖို့စိတ်ဝင်စားလဲဆိုတာ ဆုံးဖြတ်ပါ..။ (Web Application? ၊ Desktop Application? ၊ Mobile Application?) ယေဘုယျကျတဲ့ Features တစ်ချို့ကိုရွေးပါ..။ (Authorization တို့ RSS Feeding တို့)..။ Tasks(တာဝန်) တွေ သတ်မှတ်ပါ..။ ထည့်သွင်းအသုံးချပါ..။ နည်းပညာတိုင်းရဲ့စာအုပ်တွေဖတ်ပါ..။ အဲဒီထဲက ကုဒ်တွေရေးပါ..။ တစ်ယောက်ယောက်ကို ကုဒ်တွေ စစ်ပေးခိုင်းပါ..။ ဒီဖြစ်စဉ်ပဲ ထပ်ခါထပ်ခါလုပ်ပါ..။

အဖြေ ၈။ ။ လူတိုင်းလူတိုင်း တစ်မျိုးစီလုပ်နေကြတာပဲ..။ နည်းပညာအမျိုးမျိုး စမ်းကြည့်လေ..။ ပြီးမှ ကိုယ်စိတ်ဝင်စားတာရှာ..။ အဲဒီမှာမှ အင်းအရည်အချင်းပေါ်မူတည်နေမှာပဲ..။ တခါတလေ အချိန်အကြာကြီး လုပ်နေမိပေမယ့် အချိန်ကုန်သွားမှန်းတောင် မသိတာမျိုး ဖြစ်လိမ့်မယ်..။

အဖြေ ၉။ ။ C# in Depth ဆိုတဲ့စာအုပ်က C# သင်ဖို့ ဖတ်သင့်တဲ့စာအုပ်ပဲ..။ C# ကို Confident ရှိသွားပြီးရင် F# တို့ ဘာတို့ သင်ဖို့ကြိုးစားပါ..။

http://programmers.stackexchange.com/questions/98282/what-to-do-after-reading-a-beginners-book-on-c ကို ဆီလျော်အောင် ပြန်ဆိုသည်..။

ဖေ့စ်ဘုတ်ပေါ်မှာ စာလုံးအမှားတွေကနေ တွေးမိတာတွေ..။


အရှိမဲ့ (မှန်) (မဲ့=မရှိ..။)

ဒါပေမဲ့(မှား) ဒါပေမယ့်(မှန်)

အစဉ်ပြေ(မှား) (အစဉ်=အချိန်ပြကြိယာဝိသေသန)

အဆင်ပြေ(မှန်)

ဘာပြောတာလည်း(မှား)(လည်း=လည်းပဲ၊လည်းကောင်း)

ဘာပြောတာလဲ(မှန်)(လဲ=အမေး)

ငယ်ငယ်တုံးက စလုံးနဲ့ ဆလိမ် အသံထွက်ကွာတာ မသိဘူး..။ ဆားကိုလည်း စား လို့ပဲ အသံထွက်တယ်..။ နွေရာသီကျောင်းပိတ်ရက် အဖေ့ရွာကိုပြန်ရတော့ မောင်လေးက အမှားပြင်ပေးတယ်..။ မမ နင်က ဆားကိုလည်း စားလို့အသံထွက်နေတယ်...။ ဆားက ဆား..။ စားက စားဆိုပြီး လျှာကိုသေချာအသံထွက်ပြတယ်..။ သွားစေ့ထားတာကို လျှာဖျားနဲ့ထိုးရင် စား ဆိုတဲ့အသံရတယ်..။ (သွားမစေ့ဘဲ လျှာဖျားနဲ့ထိုးလည်း ရတာပဲနော်..။) ဆားက အသံနည်းနည်းပြင်းတယ်..။ သွားစေ့ထားတာကို လျှာအဖျားနဲ့မထိုးဘူး..။ လေသံပြင်းနဲ့ လျှာဖျားထိပ်နောက်နားလောက်နဲ့ ထိုးရင် ဆား ဆိုတဲ့ အသံပြင်းပြင်းကို ရတယ်....။ အဲဒီတော့မှ စ နဲ့ ဆကို လေသံနဲ့ခွဲဖို့လိုတယ်ဆိုတာ သဘောပေါက်သွားတယ်..။ သူငယ်တန်း တစ်တန်းဆရာမက မသင်တာလား..၊ ကိုယ်ကပဲ မသိတာလား မမှတ်မိတော့ဘူး..။

စာရေးတော့လည်း မျဉ်းမပါရင် မျဉ်းဖြောင့်အောင်မရေးတတ်ဘူး..။ မျဉ်းပါတာတောင်မှ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ လက်ရေးလက်သားက အကောင်းကြီးထဲ မပါဘူး..။ တကယ်က မြန်မာစာလုံးမှာဖြစ်ဖြစ် အင်္ဂလိပ်စာလုံးမှာဖြစ်ဖြစ် အလယ်မှာရှိရမယ့်စာလုံး..၊ အောက်ထိဆွဲရမယ့် စာလုံး..၊ အပေါ်တင်ရမယ့်စာလုံး အစရှိသဖြင့် သူ့ဖလိုးအတိုင်းသွားရင် လက်ရေးက မလှပေမယ့်လည်း အပေါ်တက်လိုက် အောက်ကျလိုက် ဖြစ်စရာမရှိဘူးလို့ ဆရာမကြီးတစ်ယောက်ထောက်ပြမှ အတန်းတော်တော်ကြီးမှကို သိတော့တယ်..။

မြန်မာဆရာ၊ဆရာမကောင်း သိပ်အရေးကြီးတယ်..။(အင်္ဂလိပ်လည်း ဘာထူးလဲနော်...။)

အဆိုးဆုံးတစ်ခုကတော့ ကျွန်တော်တို့ဒေသက လူတွေက နသတ်နဲ့ ငသတ် မခွဲနိုင်ကြတာပဲ...။ နသတ်မှာလည်း ငသတ်သံနဲ့ထွက်တယ်..။ ငသတ်မှာလည်း ငသတ်သံနဲ့ပဲ ထွက်တယ်..။ နသတ်သံထွက်နည်းကို ထောင်တတ်တဲ့နား မရှိကြဘူးလို့ ပြောရမယ်..။ ကျွန်တော့်နာမည်မှာ နသတ်နဲ့ဆုံးတာ တစ်ခုပါတယ်..။ ကျွန်တော့်သူငယ်ချင်းအရင်းအချာက ငသတ်သံနဲ့ပဲ ခေါ်တယ်..။ သူ့နာမည်မှာ ငသတ်နဲ့ဆုံးတာ တစ်လုံးပါတယ်..။ ကျွန်တော်က သေချာသတိထားပြီး ဂရုစိုက်ပြီးသေချာခေါ်တာမှာ နသတ်သံနဲ့ သွားထွက်တယ်..။ ပါးစပ်ကငသတ်သံထွက်အောင် သေချာရွဲ့ပဲ့ထွက်တာကို နသတ်သံသွားဖြစ်နေတယ်..။ ကျွန်တော်တို့နဲ့ကပ်ရက်ကရွာတွေက အဲဒီလိုမဖြစ်ဘူး..။ ဆရာတစ်ယောက်က ထောက်ပြလို့ သေချာသတိထားခေါ်တယ်..။ မရဘူး..။ ကျွန်တော့်နာမည်ကိုလည်း ကျွန်တော့်သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေက ငသတ်သံနဲ့သေချာအသံထွက်ပြီး ရယ်စရာစ ကြတယ်..။ တစ်ခြားဒေသကလူတွေမှာ တစ်ခြားပြဿနာတွေ ရှိတယ်..။ စသတ်နဲ့ ကသတ်နဲ့မကွဲတဲ့ဒေသလည်း ရှိတယ်..။ သူတို့ကတော့ တစ်နယ်လုံးလို့ပြောရမယ်..။ တော်တော်ဆိုးတယ်..။ ဒေသအများစုကတော့ သနဲ့ တနဲ့ မကွဲကြဘူး..။ သ နေရာမှာ တ တွေနဲ့ပြောကြတယ်...။ ကျွန်တော့်အဖေရွာမှာ အဲလိုတွေ သုံးတယ်..။ တ၀မ်းပူသံကြီး များများကြားရတယ်..။ လျှာဖျား(လျှာထိပ်) မထိုးကြတာ..။ နားထောင်ရတာ ရယ်ချင်စရာကြီး..။

ကျွန်တော်ကတစ်ခြားဒေသကလူတွေက ကျွန်တော့်နာမည်ကို ငသတ်သံနဲ့ရယ်စရာစကြတော့ အိမ်ကိုပြန်ပြောပြဖြစ်တယ်..။ ပြောနေတုံး ကျွန်တော်တို့ဒေသမှာပဲမွေး အဲဒီဒေသမှာပဲ ကြီး တစ်နယ်ရပ်ခြားသွားခဲတဲ့ အပျိုကြီးမကြီးကို ကျွန်တော့်နာမည်ကိုခေါ်ခိုင်းကြည့်တယ်..။ ခပ်တည်တည်ပဲ ငသတ်သံနဲ့ပဲထွက်လာတယ်..။ လွဲနေတာ မျိုးဆက်၁၀ဆက်လောက်ရှိပြီလို့ ပြောရမလားပဲ..။

မန္တလေးမှာတွေ့တဲ့ ပျဉ်းမနား၊ နေပြည်တော် တပ်ကုန်းဒေသကလူတွေက ရှ နဲ့ ချ နဲ့ လွဲနေကြသလား..၊ အားလုံးကို ရှ သံပဲ ထွက်နေကြသလားတော့ မပြောတတ်ဘူး..။ ချစ်တယ်ဆိုတာကတော့ ရှစ်တယ်ပဲ...။ ရှစ်ပြောရင်တော့ ချစ်ထွက်သလား မသိဘူး..။ ချဉ်တာလည်း ရှဉ်တာပဲ...။ ဘလော့တစ်ခုထဲမှာဖတ်ဖူးတယ်..။ စလုံးမှာမွေးတဲ့ကလေးကို ပျဉ်းမနားကအဒေါ်ကိုလှမ်းခေါ်ပြီးထိန်းခိုင်းတာ အဒေါ်နဲ့အနေများတဲ့ကလေးက အဒေါ်ဆီကနေရယ်..၊ အဖေဆီကနေရယ်..၊ အဒေါ့်သား အစ်ကိုဝမ်းကွဲကနေရယ် ရှစ်တယ်..၊ ရှဉ်တယ်..ဆိုတာတွေပဲကြားနေရတော့ အမေ့မှာ ဘယ်လိုပြင်ပေးပေး မရဘူးဖြစ်နေတာဆိုတာ ရယ်စရာအနေနဲ့ရေးထားတာ တွေ့ဖူးတယ်..။

အဲဒါကြောင့် စကားပြောတာနားထောင်ရင် ဒေသကိုမှန်းနိုင်တယ်ဆိုတာ ဖြစ်နေတာပေါ့..။ ချနဲ့ရှကို ဒေသနဲ့ချီပြီးမှားတဲ့အမှားကတော့ ဆိုးလွန်းသလားလို့..။ ဘယ်သူတွေဆီက ရတာလဲဆိုတော့ ဆရာမတွေကလည်း ရှလို့အသံထွက်ပြီးသင်တာပဲလို့ ပြောတာကြားဖူးတယ်..။ အဲဒီဒေသကတစ်ယောက်ကို မေးကြည့်ဖူးတာပါ..။ ကျောင်းမှာကို ဆရာမက ရှသံထွက်ပြီးသင်တယ်တဲ့..။ ဒါပေမယ့် ဒေသခံမဟုတ်တဲ့ တစ်ခြားဒေသကဆရာမတွေလည်း ရှိတာပဲဆိုတော့ အိမ်မှာ မိသားစုထဲမှာ ရှနဲ့ပြောတော့ တစ်ခြားဒေသကလာတဲ့ဆရာမတောင် နောက်ပိုင်း ရှ သံဖြစ်သွားနိုင်တာပဲ..။ ဘာပဲပြောပြော ကျောင်းသားမမှန် ဆရာ့ခေါင်း..၊ သားသမီးမမှန် မိဘခေါင်းဆိုတော့ ဆရာမိဘ ပေါင်းထိန်းကြမှ အမှန်ရောက်လိမ့်မယ်ထင်ပါတယ်..။

မစံပယ်နှင့် အူကြောင်ကြောင်နိုင်ခြင်းများ..။




တခါတရံ လွယ်လွယ်လေးကို မသိဘဲ ခက်နေတာလေးတွေ ကြုံဖူးကြမှာပါ..။ မစံပယ်က ခဏခဏကြုံပါတယ်..။ တစ်ချို့အခက်အခဲလေးတွေက Google က ကူညီပေးတယ်..။ တစ်ချို့ကို YouTube က ကူတယ်..။ တစ်ချို့ကို စာတွေဖတ်ရင်း ဖတ်ရင်း သိလာတယ်..။ တခါတခါကျတော့ ဘယ်လိုမှ အကူအညီမရတာတွေ ကြုံဖူးတယ်..။


မစံပယ်ဟန်းဆက်အသစ်စကိုင်တော့ ကိုယ်ဘာသာ install လုပ်..၊ ကိုယ်ဘာသာ လက်ပ်တော့ဆီ ကော်နက်ရှင်ပြောင်းဖို့ ကြိုးစား..၊ ကိုယ်တိုင် Root လုပ်ဖို့ကြိုးစားနဲ့ Google နဲ့ YouTube ထဲမှာ တလည်လည်...။ ဖုန်းဝင်လာတော့ (ဟဲ ဟဲ..) ဘယ်လိုလက်ခံရမှန်းမသိဘူး..။ အဲဒီရက်ပိုင်းတုံးကလည်း ကိစ္စတစ်ခုရှိလို့ ဖုန်းကခဏခဏ၀င်နေချိန်..။ မစံပယ်က ဖုန်းလက်ခံအစိမ်းလေးပေါ်လာတာကို ပွတ်လိုက်ပြီး ဖုန်းလက်ခံရတာကို မသိဘူး..။ ဒါနဲ့ ဖုန်းဝင်လာတိုင်း ဖုန်းချပြစ်ပြီး ၀င်လာတဲ့နံပါတ်ကို ပြန်နှိပ်ပြန်ခေါ်ရတယ်..။ အဲဒါနဲ့ဖုန်းခေါ်တဲ့သူကလည်း ဇဝေဇ၀ါ ဘာလို့ဖုန်းပြန်ခေါ်ခေါ်နေတာလဲ..။ ဘာလို့သူခေါ်တာ ချချပြစ်တာလဲလို့ မေးလာတယ်..။ မစံပယ်က ဘာမှပြန်မဖြေပါဘူး..။ ဖုန်းဘယ်လိုလက်ခံရမှန်း မသိပါဘူးလို့..။ (ဟား ဟား..။)အဲဒါအတွက်တော့ Google နဲ့ YouTube ထဲ မရှာမိပါဘူး..။


အဲဒါနဲ့ အသိတစ်ယောက်နဲ့တွေ့တော့ ဖုန်းဘယ်လိုကိုင်ရတာလဲလို့ မေးယူရတယ်..။ ဟောဗျာ.. ဒီလိုလေးဆိုပြီး ရယ်ကာမောကာ သဘောကောင်းစွာနဲ့ ပြပေးပါတယ်..။ အထင်သေးရှုံ့ချလိုတဲ့ အသံနဲ့ဟန်မရှိလို့ မစံပယ်မှာ ကျေးဇူးတင်ရပါတယ်..။ ကိုယ်ကမသိလို့မေးတာပေမယ့် ဒါလေးတောင်မသိရကောင်းလို့ အထင်သေးဆက်ဆံခံရမှာလည်း မကြိုက်ပါဘူး..။ တခါတရံ လွယ်လွယ်လေးနဲ့ မသိတာတွေ ရှိတယ်ဆိုတာသိလို့ မစံပယ်လည်း ကူညီရမယ်ဆို အိုက်တင်မခံ.. တတ်နိုင်သလောက် ကုသိုလ်စိတ်လေးထားပြီး ကူညီရတာ ပျော်ပါတယ်..။


မစံပယ်အပြင်ထွက်ရင် ဟန်းဆက်လေးနဲ့ YouTube ကြည့်သွားချင်ပါတယ်..။ ဒါပေမယ့် နားကြပ်တတ်တော့လည်း အသံက ဟန်းဆက်ကနေပဲ ထွက်နေပါလား..။ ဘာလို့ အသံက နားကြပ်ထဲကမထွက်တာပါလိမ့်ဆိုပြီး ကြည့်ချင်တဲ့ YouTube လေးမကြည့်ဘဲ အပြင်ထွက်ရပါတယ်..။ ဒီလိုပဲနေနေတာ လချီလာပါပြီ..။ အခုခဏတော့ အားလပ်တုံးဆိုပြီး နားကြပ်လေးတတ်ပြီး အသံကိုကြိုးစားကြည့်တာ အသံက နားကြပ်ထဲဝင်မသွားပါဘူး..။ ဒါနဲ့ ဖုန်းထဲကနေ Google ထဲဝင် ဟိုမေးဒီမေးလုပ်..၊ အလကားရတဲ့ဆော့ဝဲ သုံး လေးခုတောင် ဒေါင်းပြီးပါပြီ..။ Google ကြီးကလည်း ဟိုလှည့်မေးလည်းမရ..။ ဆော့ဝဲတွေသွင်းပြီးလည်း အသံက နားကြပ်ထဲမ၀င်..။ ဒါနဲ့ YouTube ထဲဝင်မေးကြည့်ပါတယ်..။ မရပါဘူး..။ နားကြပ်ကြော်ငြာတွေပဲတွေ့တယ်..။ ဒါနဲ့ ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားရင်း နောက်ဆုံးအဖြေကတော့ Facebook ကနေ Status တင်ပြီး မေးမယ်လို့စိတ်ကူးလိုက်ပါတယ်..။ မစံပယ်ရဲ့ရင်းနှီးတဲ့အသိတစ်ယောက် IT Field က ဆရာပါ..။ သူနဲ့မှပိုရယ်ရတာက မစံပယ်ကတစ်ခုခုမေးလိုက်ရင် သူကအကျင့်ပါနေကြအတိုင်း အမြင့်ကြီးတွေစဉ်းစားပါတယ်..။ မစံပယ်အခုမေးလိုက်ရင် သူက ဖုန်းဆော့ဝဲကြောင်တာလား..၊ အထဲထဲဆော့ဝဲအလုပ်မလုပ်တာလားလို့ အမြင့်ကြီးတွေစဉ်းစားမှာမို့ မစံပယ်သူ့လည်း မမေးချင်ဘူးဆိုပြီး ဖုန်းနဲ့ပဲ စတေးတပ်စ် ရေးနေတုံး ဖုန်းဝင်လာပါတယ်..။ အရင်တစ်ခါ ဖုန်းဘယ်လိုကိုင်ရလဲဆိုတာ ပြောပြတဲ့ အသိပါပဲ..။ ဒါနဲ့စကားပြောရင်း နားကြပ်ဘယ်လိုလုပ်ရတာလဲလို့ ဖမ်းမေးလိုက်တော့ ဆက်တင်ချိန်းရတယ် ဘာညာပြောပြီး နားကြပ်ဂျက်ပင်ကို ဖိချရသေးတယ်နော်လို့ ပြောပါတယ်..။ ဒါနဲ့မစံပယ်က ဖိချတာပဲလို့ အတွန့်တက်ရင်း ထပ်ဖိချလိုက်တော့ နားကြပ်က နှမ်းတစ်ထောက်လောက်လွတ်နေတာလေးက ထပ်ဝင်သွားပြီး ပြောနေတဲ့ဖုန်းသံကပါ ပျောက်သွားပြီး နားကြပ်ထဲကနေ အသံထွက်လာပါတယ်..။ ဟား ဟား ဟား..။ တော်သေးတယ်..။ အချိန်မီလေ..။ မစံပယ် ဖေ့စ်ဘုတ်မှာ စတေးတပ်စ်တင်တော့မလို့..။ စာကိုရိုက်ပြီးနေပြီ..။ အိုင်တီကဆရာကိုမေးရင်လည်း ဒါလေးတောင်မသိဘူးလားဆိုပြီး ဟားခံရဦးမှာ..။ အဟားခံရမှာလည်း မခံချင်ဘူး..။ အခုပြောပေးတဲ့အသိက အိုင်တီနယ်က မဟုတ်ဘူး..။ သာမာန်တစ်ယောက်ပဲ..။ ဒါပေမယ့် သူကလည်း ကိုယ်နဲ့ဖုန်းအမျိုးအစားတူကိုသုံးနေတော့ သူသုံးတာက ကြာပြီဆိုတော့ သူ့မေးလိုက်ရင် သိရတာ ပိုလွယ်တယ်..။ ဟား ဟား ဟား..။


နားကြပ်ဂျက်ပင်ကို ၀င်တဲ့ပထမအထစ်မှာပဲ ရပ်ထားပြီး ဂူဂဲအားကိုး ယူကျူ့အားကိုးလုပ်နေတာ.. တခါတလေ ဂူဂဲမကယ်နိုင်..၊ ယူကျူ့မကယ်နိုင်တဲ့ မစံပယ်ရဲ့ အူကြောင်ကြောင်အဖြစ်အပျက်များပါပဲ..။

မားသားအလွမ်းပြေ နှမ်းပြစ်..။





မစံပယ်တို့က အမေ့ကိုစပြီး မာမီမာသားအမေလို့ ခေါ်လေ့ရှိပါတယ်..။ အခုတော့ဖုန်းခေါ်ရင်း အတိုကောက် မားသားလို့ပဲခေါ်ပါတယ်..။ မစံပယ်တို့အမေက အိမ်မှာမနက်ခင်းစာဆိုလည်း တစ်ရက်နဲ့တစ်ရက်မတူအောင် လုပ်ကျွေးလေ့ရှိပါတယ်..။ ထမင်းကြော်၊ မုန့်တီဖတ်သုတ်၊ ခေါက်ဆွဲသုတ်..၊ ထမနှဲ..၊ ကောက်ညှင်းပေါင်း..။ တစ်နေ့တစ်မျိုးမရိုးရအောင် ပူပူနွေးနွေးကျွေးလေ့ရှိပါတယ်..။ မစံပယ်တို့ငယ်ငယ်က ကျောင်းကမုန့်ဆိုင်သေးသေးလေးတွေကနေ နေကြာစေ့၊အချဉ်ထုတ်တွေတော့ စားတတ်ပါတယ်..။ ဒါပေမယ့် လက်သုပ်စုံလိုမျိုးတွေကျတော့ စားလေ့မရှိပါဘူး..။ အမေက အပြင်စာတွေကို ကျွေးလေ့မရှိတာမို့ မစံပယ်လည်း အပြင်စာစားဖို့ဆိုရင် တွန့်နေတတ်ပါတယ်..။ နောက်မှသာ အိမ်နဲ့အဝေးမှာနေရတော့ အပြင်ထမင်းဆိုင်လိုမျိုးတွေမှာ ကြုံသလိုစားရတတ်ပေမယ့် တတ်နိုင်သလောက် မစံပယ်ကတော့ ကိုယ်တိုင်ချက်ပြုတ်စားဖို့ပဲ အားထုတ်လေ့ရှိပါတယ်..။ဆီများများနဲ့ ဟင်းချိုမှုံ့တွေထည့်ချက်တတ်တဲ့ ကိုယ်မမြင်ရာမှာချက်တဲ့အပြင်စာတွေကိုစားရမှာ မစံပယ်နောက်တွန့်တတ်ပါတယ်..။


အစပိုင်းကတော့ အပြင်စာမစားတတ်ပဲရှိပေမယ့် ကိုယ်တိုင်ကလည်း ကောင်းကောင်းမချက်တတ်ပါဘူး..။ အခုမှ ဟိုဘလော့ဒီဘလော့ဖတ်ရင်း မစံပယ်မှာ မီးဖိုချောင်ပစ္စည်း တော်တော်များများရှိလာပါပြီ..။ ကိုယ်တိုင်ချက်..၊ ကိုယ်တိုင်အ၀အပြဲစားရတာလည်း သဘောကျပါတယ်..။ လုပ်ရင်းနဲ့ပိုလုပ်တတ်လာတာ တွေ့ရပါတယ်..။


ညနေက ဖေ့စ်ဘုတ်မှာ အင်္ဂလန်ကဆရာမ နှမ်းလှော်နဲ့ပျားရည်နဲ့နှယ်စားနေတာတွေ့ရတာနဲ့ မစံပယ်လည်း မလုပ်ဖြစ်တာကြာပြီဖြစ်တာ အမေ့လက်ရာလိုမျိုး နှမ်းပြစ်စားချင်စိတ်ဖြစ်လာလို့ ထလုပ်လိုက်ပါတယ်..။ အမေတို့လာတုံးကယူလာတဲ့နှမ်းလှော်ထုတ်ကြီးကလည်း တစ်ဝက်လောက်ကျန်နေပါသေးတယ်..။ မြေပဲဆံရောဦးမလို့လုပ်တာ ရောရင်မကောင်းပါဘူးဆိုပြီး မရောဘဲထားလိုက်ပါတယ်..။






ဆီများနေပုံ
လုပ်နည်းကတော့ ဆီဒယ်ပိုင်းအရင်တယ်ပါတယ်..။ ဆီကျက်ရင် ဒီက၀ယ်တဲ့ထန်းလျက်ခဲသုံးခဲ ထည့်လိုက်ပါတယ်..။ ထန်းလျက်တွေက အပူထဲမှာဖြည်းဖြည်းချင်းပျော်ပါတယ်..။ မစံပယ်က ဇွန်းနဲ့ထိပြီး ဆီထဲမှာ လှည့်မွှေပေးပါတယ်..။ မွှေရင်းနဲ့ထန်းလျက်ခဲက သေးသေးလိုက်လာပြီး ပျော်ကျသွားပါတယ်..။ ဆားနည်းနည်းနဲ့ မန်ကျည်းသီးမှည့်တကယ့်နည်းနည်းကို ရေဆေးပြီးထည့်ပါတယ်..။ ထန်းလျက်ချိုချိုထဲမှာ အဲဒီမန်ကျည်းနှစ်လေးစားလိုက်ရရင် အအီပြေသွားတတ်ပါတယ်..။ ခဏမွှေပေးပြီး ထန်းလျက်နံ့လည်းမွှေးနေပြီ..၊ အရောင်လည်းပိုညိုလာပြီဆိုမှ နှမ်းလှော်ကို လိုသလောက်(သင့်တော်သလောက်)လောင်းထည့်လိုက်ပါတယ်..။ လင်းပန်ထဲကိုလည်း ဆီနည်းနည်းထည့်ပြီး ဇွန်းလေးနဲ့ပွတ်ပေးထားပါတယ်..။ လင်ပန်းနဲ့ထန်းလျက်နဲ့ကပ်မနေအောင်ပါ..။ ပြီးတာနဲ့ ထန်းလျက်နဲ့နှမ်းလှော်ဒယ်ပိုင်းကို လင်ပန်းထဲလောင်းထည့်လိုက်ပါတယ်..။ မစံပယ်လုပ်တာ ဆီထည့်တာနည်းနည်းများသွားလို့ ဆီတွေအပေါ်ကဝေ့တက်နေပါတယ်..။ ဇွန်းဖင်လေးနဲ့ မျက်နှာပြင်ညီအောင် လိုက်သပ်ပေးပြီး ဝေ့နေတဲ့ဆီတွေကို ပန်းကန်လေးထဲကို ကဲ့ပစ်လိုက်ပါတယ်..။ တကယ်ကတော့ မစံပယ်ဆီများများစားခဲပါတယ်..။ အခုတော့ သင့်တော်ရုံဆိုပြီး အရင်ကထက်တော့ ပိုစားနေပါပြီ..။


မစံပယ်က အချိုတွေ၊ အအီတွေ စားလှပါတယ်..။ အခုနှမ်းပြစ်လုပ်တာလည်း ဆီထည့်တာ မှန်းတာလွဲလို့ နည်းနည်းများသွားပါတယ်..။ ၅ ကျပ်သားနီးပါးလောက်ရှိသွားပါတယ်..။ ထန်းလျက်သုံးလုံးနဲ့ဆို ဆီကအဲလောက်မလိုတာ တွေ့ရပါတယ်..။ ဆီကများလွန်းတော့ ပေါင်းမသွားဘဲ အပေါ်မှာအိုင်ထွက်နေတာကို ကဲ့ထားလိုက်ပါတယ်..။ ထမင်းလည်းအစားများပါတယ်..။ ၀က်ပုပ်ကြီးဖြစ်မှာစိုးပေမယ့် တခါတလေလည်းစားတာပါပဲ..။ တခါတလေတော့ လေ့ကျင့်ခန်းထလုပ်ပါတယ်..။ မလုပ်တာက များပါတယ်..။






ဆီကဲ့ပြီးပုံ

OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



Comments

Comments ဆိုတာက Program ရေးနေရင်းနဲ့ Program ထဲမှာပဲ Program နဲ့ပတ်သက်တဲ့ ရှင်းပြချက်တို့၊ Programmer အချင်းချင်း ရှေ့လူလုပ်တာကို နောက်လူသိအောင် ဘာ့ကြောင့်ဒီလိုရေးပါတယ်ဆိုတာ ချိတ်ဆက်မိအောင်...၊ ကိုယ်ရေးတာကိုပဲ နောက်တစ်ခါပြန်အကြည့်မှာ ဘာကြောင့်ဒီလိုရေးထားတယ်ဆိုတာသိအောင် ရေးတဲ့နေရာမှာ သုံးပါတယ်..။ Program ကိုထိရောက်မှုမရှိစေပါဘူး..။ ဘယ်နှစ်ကြောင်းရေးရေး Program ကိုထိရောက်မှုမရှိစေချင်ရင်..၊ ကိုယ်ရေးတဲ့ကုဒ်က သိပ်မသေချာရင် comment ပိတ်ထားခဲ့ရင် အဲဒီကုဒ်က Program ကို သက်ရောက်မှုမရှိစေတော့ပါဘူး..။

ကိုယ်ရေးတဲ့စာက တစ်ကြောင်းတည်းဆိုရင်၊ ဒါမှမဟုတ် တစ်ကြောင်းပြီးတစ်ကြောင်း line by line ဆိုရင် (//)မျဉ်းနှစ်ကြောင်းနဲ့ တစ်ကြောင်းချင်းရှေ့ကနေ ပိတ်သွားရပါတယ်..။

ကိုယ်ရေးတဲ့ Comment က တစ်ကြောင်းထက်ပိုတယ်..၊ စာတစ်ပိုဒ်လောက်ရှည်တယ်ဆိုရင်လည်း ဘယ်နှစ်ကြောင်းပဲဖြစ်နေနေ အစမှာ (/*) နဲ့ အဆုံးမှာ (*/)အဲလိုပိတ်ပေးရပါတယ်..။ ကြားထဲမှာ စာဘယ်နှစ်ကြောင်းရှိရှိ အစမှာတစ်ခါနဲ့ အဆုံးမှာ တစ်ခါပဲ စပေး၊ ပိတ်ပေးလိုက်ရုံပါပဲ..။



နောက်တစ်မျိုးက documentation comment ဆိုတာ ရှိသေးတယ်..။ XML file တွေကို comment ပိတ်တယ်ဆိုရင် သူတို့က file အမျိုးအစားတွေမို့ documentation comment နဲ့ပိတ်ရတယ်..။ tag အစကနေ line by line စာကြောင်းဆုံးသလောက် တစ်ကြောင်းချင်းရှေ့မှာပိတ်သွားရမယ်..။



Cover Letter ဘယ်လိုရေးရင်ကောင်းမလည်း - နိဂုံးပိုင်း





ဒီတခါတော့ နောက်သိပ်အရေးကြီးတာတခုပြောပြချင်ပါတယ်၊အဲဒါကတော့ Cover Letter ရေးတာပါပဲ၊ တကယ်တော့ cover letter ဆိုတာမိတ်ဆက်စာပေါ့။ အလုပ်ခန့် မဲ့သူ၊scholarship ပေးမဲ့သူကို လက်တို့ ပြီး”ခင်ဗျားတို့ ကျနော့ CVကိုဖတ်ကြည့်စမ်းပါ၊ကျနော့မှာခင်ဗျားတို့ အလုပ်နဲ့  ကိုက်ညီမဲ့အရည်အချင်းတွေရှိတယ်ဗျ၊ ခင်ဗျားတို့ သဘောကြ မှာပါ“…ဆိုတဲ့စာမျိုးပေါ့။

အဲဒီလိုcover letter မျိုး ဘယ်လိုရေးရင်ကောင်းမလဲ…

ကျနော်တို့ ဘယ်လိုရေးတတ်သလဲဆိုတော့….”Dear Sir/Madam, I would like to apply for this position of---.Please see attached my CV.”ကျနော် ခင်ဗျား ခေါ်တဲ့ အလုပ်ရာထူး၊နေရာ အတွက် လျောက်ထားချင်ပါတယ်၊ ကျေးဇူးပြုပြီးကျနော့CV ကိုကြည့်ပေးပါ….ဆိုတဲ့ပုံစံမျိုးပေါ့။ CV မြင်ကထဲက..အလုပ်၊ scholarship လျှောက်တာဆိုတာ လူတိုင်းသိတာပဲ၊ဒီစာ၂ကြောင်းလောက်နဲ့ တော့ ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး၊ အမှိုက်ခြင်းထဲရောက်သွားမဲ့ cover letter မျိုးပေါ့။

အဲဒီတော့ သူတို့ စိတ်ဝင်စားအောင်၊ကိုယ့်CV ချက်ချင်းဖတ်ချင်စိတ်ပေါက်လာအောင်ဘယ်လိုရေးမလဲ…

ကျနော်အနေနဲ့ cover letter မှာ paragraph စာပုဒ် ၃ပုဒ် ရေးပါ လို့ အကြံပေးချင်တယ်၊ သိပ်မတိုလွန်း၊မရှည်လွန်းတဲ့  စာကြောင်း၃/၄ကြောင်းပါတဲ့ စာပုဒ်တွေပေါ့။

ပထမ အပုဒ်က…ကိုယ့်အကြောင်းပြောပြတာပါ၊ကိုယ့်မှာ ဘယ်လို ဘွဲ့ ၊ဒီဂရီတွေရှိတယ်၊ ကိုယ့်လုပ်ငန်း အတွေ့ အကြုံကဘာတွေ၊ ဘယ်လိုအရည်အချင်း၊ အောင်မြင်မှုမျိုးတွေရှိတယ်.. အစရှိတာတွေရေးပါ။(ကျနော်ရှေ့ မှာ ပြောခဲ့သလို ကိုယ်လျှောက်မဲ့ အလုပ်၊Scholarship programme နဲ့ ဆီလျှော်မဲ.အကြောင်းတွေပေါ့)

ဒုတိယအပုဒ်က…သူ့လုပ်ငန်းအကြောင်း နဲ့ အခု သူ ခန့်မဲ့ အလုပ်၊နေရာအကြောင်း ကိုယ်သိတယ် ဆိုတာ ပြောပြရမှာ။အဲဒါကတော့ အလုပ်တခုလျှောက်တော့မယ်ဆိုရင် ကိုယ်လုပ်ရမယ့်company၊ လုပ်ငန်းအကြောင်း နဲနဲတော့သိနေ ရမှာပေါ့၊ ဘာလို.လဲဆိုတော့ အလုပ်ခန့် ရင် အဲဒီအဖွဲ့ အစည်းမှာသွားလုပ်ရမှာလေ။ ကိုယ်နဲ့ ကိုက်မကို်က် လေ့လာထားရမှာပေါ့။ ကိုယ်လုပ်ရမဲ့အလုပ်၊နေရာအတွက် ဆိုပိုသိအောင်လုပ်ထားရအုန်းမယ်၊ (ဒါကလဲသိဖို့ လွယ်ပါတယ်၊အလုပ်ခေါ်တဲ့၊Scholarship ခေါ်တဲ့ ကြော်ငြာမှာရေးထားတာပဲ၊သေချာဖတ်ဖို့ ပဲလိုတာ။)အဲဒီိလို သူ့လုပ်ငန်းအကြောင်း၊အခု သူခန့်မဲ့ အလုပ်၊နေရာအကြောင်း ရေးပြလိုက်ရင်အလုပ်ခန့် မဲ့သူ၊ Scholarship ပေးမဲ့သူက သိပ်သဘောကြတာပေါ့၊ငါတို့ အလုပ်အကြောင်းကောင်းကောင်းသိတယ်၊ အလုပ်လျှောက်ကထဲ ကကောင်းကောင်ြး ပင်ဆင် ထားတယ်ဆိုပြီးတော့ပေါ့၊ CV မဖတ်ရသေးဘူး၊cover letter နဲ့ကို ခင်ဗျားကိုတော်တော်အထင်ကြီးသွားပြီ၊လူဆိုတာကလဲ ကိုယ်ကိုစိတ်ဝင်တစား ရှိရင် သိပ်သဘောကျ တတ်တာ မျိုးမဟုတ်လား။

တတိယအပုဒ် ကတော့အရေးကြီးအပုဒ်၊သူနဲ့ ကိုယ်နဲ့ ချိတ်ဆက်ပြတော့မယ့်အပုဒ်ပေါ့၊ ဘယ်လို ရေးရမလဲ ဆိုတော့…”ခင်ဗျားကလဲဒီလို အရည်အချင်း၊ဒီလိုအတွေ့ အကြုံရှိတဲ့သူရှာနေတယ်၊ကျနော့် မှာခင်ဗျားလိုချင်တဲ့ အရည်အချင်း၊အတွေ့ အကြုံတွေရှိတယ်၊ဒါကြောင့် ကျနော့်ကိုသာခန့်လိုက်ရင် ခင်ဗျားအားကိုးရမှာပါ၊ခင်ဗျား အလုပ်အတွက် သိပ်စိတ်ပူစရာမလိုတော့ဘူး.ဗျာ၊ကျနော်ကလဲ ကျနော်အရည်အချင်းတွေအစွမ်းကုန်သုံးနိုင်မဲ့ ခင်ဗျားအလုပ်ကို အလွန်စိတ်ဝင်စားတယ်၊ဒါကြောင့် လျှောက်ဖြစ်တာ၊ CVလေးဖတ်ကြည့်ဘာအုန်း”…ပေါ့။

ကဲ..ဒီထက်ကောင်းတဲ့ မိတ်ဆက်စာရှိအုန်းမလား။

ဒီမှာနဲနဲပြောချင်တာက.. Dear Sir/Madam ဆိုတဲ့နေရာမှာ အလုပ်/scholarship ခေါ်တဲ့သူရဲ့ နာမည်သိရင် နာမည်ထဲ့ရေး၊ ဌာနသိရင်ဌာန နာမည် ထည့်ရေးပါ၊အဲဒါက Dear Sir/Madam ဆိုတာထက် ပိုကောင်းတယ်၊ သူတို့ ကိုသိတယ်၊ပိုရင်းနှီးတယ်ဆိုတာကိုပြချင်တာ၊ခင်ဗျားတို့ ပဲ စဉ်းစားကြည့်လေ၊ကိုယ့်ကို ဟိုလူကြီးလို့ ရမ်းအခေါ်ခံရ တာထက်..နံမည်ခေါ်ရင် ပိုကြိုက်၊ပိုမရင်းနှီး ဘူးလား။

ကဲ..ကျနော့ကတော့ အလုပ်ခန့်မဲ့သူ၊scholarship ခေါ်တဲ့သူ သေချာပေါက်ကြိုက်မယ့်၊interview ချက်ချင်းခေါ်ချင်မယ့် CV နဲ့ Cover letter ဘယ်လိုရေး ရမယ်..ဆိုတာပြောပြီးပြီ။

အခုခင်ဗျားတို.အလှည်.ပဲ။စတွေး၊စရေးကြတော။၊ပြီးရင်အလုပ်ခေါ်တာတွေ၊Scholarship ခေါ်တာတွေကို ယုံယုံကြည်ကြည်၊ရဲရဲဝင့်ဝင့်သာလျှောက်၊မကြာခင် Interview အတွက်လာဖို့ ဖုန်းသံကို ကြားရလိမ့်မယ်။

(တကယ်လို.CV နဲ့ Cover Letter ရေးထားတာ နဲ့ ပါတ်သက်လို့ ရှိတိုင်ပင်ချင်ရင် ကျနော်ရဲ့ TOFLA email account ဖြစ်တဲ့ tofla2011@gmail.com ကိုပို့ ပေးပါ၊ကျနော်အားတဲ့အချိန် မှာတတ်နိုင် သမျှ စစ်ပေးပြီး လူငယ်တွေကို ကူညီ ပါ့ မယ်)

အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..

ဒေါက်တာအောင်မျိုး

(နောက်သီတင်းပါတ်တွေမှာ အလုပ်ကိုဘယ်လိုရှာရမလဲဆိုတာနဲ့  Interview ဖြေနည်းတွေရေးပေးပါ့မယ်)

OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)




ဒီ operatorsတွေက သိစရာတွေ ကျယ်ဝန်းပါတယ်..။ operators တွေမှာ Left to right အလုပ်လုပ်သလား..၊ Right to Left အလုပ်လုပ်သလားဆိုတာ ထည့်စဉ်းစားရပါတယ်..။ အဲဒီအတွက် ဦးစားပေး Level အဆင့်နဲ့သတ်မှတ်ထားတဲ့ ဇယားရှိတယ်..။ Level အနည်းအများပေါ်မူတည်ပြီး အလုပ်လုပ်တာ အရင်လုပ်၊ နောက်လုပ်ကွဲသွားပါတယ်..။







x+y-z


ဆိုတဲ့ expression မှာ x နဲ့ y အရင်ပေါင်းမလား..။ y ထဲက z နူတ်တာကို အရင်လုပ်မလား..ဆိုတာ စဉ်းစားစရာပါ..။ Level 5 မှာ + နဲ့ - တွေ့နိုင်ပါတယ်...။ Level 2 က အပေါင်းနဲ့အနူတ်က Unary တွေအတွက်ပါ..။ integer တွေအတွက် မဟုတ်ပါဘူး..။ ဒါကြောင့်မို့ အပေါင်းအလုပ် အရင်လုပ်ပြီးမှ အနူတ်အလုပ် လုပ်ရမှာပါ..။






နောက်တစ်ခု






ပေါင်းနူတ်မြှောက်စား ဥပမာတွေ စပေးပါမယ်..။






3+4=7


3 နဲ့ 4 ပေါင်းရင် 7 ရတယ်..။ အဖြေကိုကြည့်လိုက်ရင် လွယ်လွယ်လေးပဲလို့ ဖြစ်သွားမှာပဲ..။ အဓိကက သူတို့ရေးတာကို နားလည်အောင်ကြည့်ရင်းက ဘယ်လိုရေးရမလဲဆိုတဲ့ စဉ်းစားနည်းကို တတ်စေချင်တာပါ..။ Programming မှာ လိုချင်တဲ့ အဖြေကိုပဲ သိတာ..။ ဘယ်လိုရေးရင် ဒီအဖြေရမလဲ၊ ဒီအဖြေရဖို့ ဘယ်လိုရေးမလဲဆိုတာ စဉ်းစားနည်းက အဓိကကျတာ..။


ဂဏန်းနှစ်ခုပေါင်းချင်တယ်..။ ဂဏန်းဆိုတော့ Type သတ်မှတ်ရင် int ပေါ့..။ ဒဿမကိန်းဟုတ်မဟုတ် ကြည့်ဖို့လည်းလိုမယ်..။ uint မသတ်မှတ်တော့ပါဘူး..။ int နဲ့ပဲ တွက်မယ်..။ 3 အတွက် int variable တစ်ခု၊ 4 အတွက် int variable တစ်ခု သူတို့နှစ်ခု ပေါင်းလဒ်ထည့်ဖို့ int variable တစ်ခုလိုမယ်ဆိုတာ စဉ်းစားထားရမယ်..။






အလားတူ နောက်တစ်ခု





Cover Letter ဘယ်လိုရေးရင်ကောင်းမလဲ ( အပိုင်း - ၂ )





အရင်တပတ်ကရေးခဲ့တဲ့ အောင်မြင်မှုတွေ၊ရလာဒ်တွေကိုအခြေခံ တဲ့ summary မျိုး ရေးပြနိုင်ရင်.. (ဥပမာပေးခဲ.သလို စတိုးဆိုင်မှာ အရောင်းဝန်ထမ်း လုပ်ခဲ.တယ်ဆိုရင် ကိုယ်.ကြောင့် တနှစ်မှာ ဘယ်လောက် ရောင်းအားတက်လာတယ်၊ ဖောက်သည်ဘယ်လောက် တိုးအောင်လုပ်နိုင်ခဲ.တယ်…ဆိုတာမျိုး၊ ဥပမာ..အင်ဂျင်နီယာဆိုရင်လဲ ဘယ်ပရောဂျက်ရဲ့ ဘယ်အပိုင်းကို တာဝန်ယူခဲ့ /လုပ်ခဲ့ တုန်းက သတ်မှတ်ရက်အတွင်း/သတ်မှတ်ရက်ထက် ဘယ်လောက်စောပြီးအောင်လုပ်နိုင်ခဲ့တာ…စတဲ့ ရလာဒ်တွေ၊အောင်မြင်မှုတွေ) ရေးပြနိုင်ရင်…ပျင်းပျင်းရိရိနဲ. CV ဖတ်နေနိုင်တဲ့ အလုပ်ရှင်တောင် ချက်ချင်း ထထိုင်ပြီး ခင်ဗျားတို့ ဆီ ချက်ချင်း ဖုန်း ဆက်လာနိုင်တယ်၊ ဒီလိုအရည်အချင်းရှိတဲ.လူမျိုး မလိုချင်တဲ့သူရှိမလား။

အဲဒီတော့ကိုယ်ဖက်က အဲဒီလို ရေးပြနိုင်ဖို့ ပဲလိုတာပေါ့ ၊အချိန်တခုပေးပြီး ငါဘာအောင်မြင်မှုတွေ၊ ရလာဒ်တွေရခဲ့ သလဲဆိုတာ စတွေးရ၊စအားထုတ်ရမှာပေါ.။

ကျနော် အလုပ်ရှာတုန်းက ဒီ summary ကိုရေးတော. ၅ ရက်လောက်ကြာတယ်၊ ငါ့မှာဘာအောင်မြင်မှုတွေ ရခဲ.သလဲဆိုတာ တွေးလိုက်၊ရေးလိုက်၊ ပြင်လိုက်၊ပြန်ရေးလိုက်နဲ.ပေါ.၊ မြန်မာပြည်ကဆေးရုံ၎ခုမှာ ၁၀နှစ်ကျော်လောက်(နောက်ဆုံးရန်ကုန်ဆေးရုံကြီး၊ကင်ဆာဋ္ဌာနမှာလဲ၅ နှစ်ကျော်လောက်) အလုပ်လုပ်ခဲ.ပါရဲ.၊လူနာတွေကုလိုက်ရတာလဲ အမြောက်အမြား၊ result ရလာဒ် စဉ်းစားကြည့်တော့ စဉ်းစားရ တော်တော်ခက်တယ်၊ ဘာလို.လဲ ဆိုတော. ကျနော်တို.ဆီမှာ result ရလာဒ် တွေကို တို်င်းတာတဲ. စနစ် Metrics တွေ၊ KPI(Key Performance Indicator)တွေက မဖွံ့ ဖြိုးတော. တိတိကျကျပြောရတာမလွယ်ဘူး။ ဒီဖက်မှာတော. အလုပ်တိုင်းရဲ. Result ရလာဒ်ကိုရအောင်တိုင်းတယ်၊ တဦးချင်းရဲ.အောင်မြင်မှုတွေ ကိုဆန်းစစ်တဲ.performance appraisal ဆိုတာလဲနှစ်တိုင်းလုပ်ရတယ်။ (ဒီအကြောင်း တွေကိုနောက်မှ.. ”လူကြီးတွေဖတ်ဖို.” ဆိုပြီးရေးအုန်းမယ်)

ဒါပေမယ့်ကျနော်ပြောရဲတယ်၊အလုပ်လုပ်နေတဲ.သူတွေအားလုံးမှာအောင်မြင်တဲ့result ရလာဒ် တခုမဟုတ်၊တခု တော့ရှိတယ်၊ကျနော်တို့ စနစ်တကျတွေးမထားလို့ သာ။ဘွဲ.ရခါစ လူငယ်တွေဆိုရင်လဲ ကျောင်းတုန်းက ဘာသာရပ်တွေ မှာ၊ကျောင်းတွင်း၊ကျောင်းပြင် လုပ်ခဲ့တဲ့ activity တွေမှာအောင်မြင်မှုresult တွေရှိခဲ.လိမ်.မယ်၊ အနည်းဆုံး ၅ ရက်..တပတ်လောက်တော့တွေးကြည့် ၊ ရေးပြစရာ အောင်မြင်မှုတွေတွေ့  လာလိမ်.မယ်၊

ဒီနေရာမှာ အရေးကြီးတဲ့ အချက်၂ချက်ကို အလေးထားပြောချင်တယ်……

ပထမအချက်က ကိုယ်ကျွမ်းကျင်တဲ အလုပ် ၊ကိုယ်လဲအမှန်တကယ်စိတ်စားတဲ့  အလုပ် ကိုရှာပါ၊ (အလုပ်ရချင်ဇောနဲ့ ကိုယ်စိတ်မ၀င်စားတဲ့ အလုပ်သွားမလျှောက်န၊ဲ့ အလုပ်လုပ်ရတာလဲ မပျော်၊ရှေ့ ဆက်လဲ တက်လမ်းရှိ မှာမဟုတ်ဘူး) ပြီးတော့ ကိုယ်လျှောက်မဲ.အလုပ် နဲ့ ဆက်စပ်တဲ့  အရည်အချင်း နဲ.အောင်မြင်မှုတွေ ကို Summary မှရေး ပါ။ ဥပမာ..ကိုယ်ကကွန်ပြူတာလဲ ကောင်းကောင်းသုံးတတ်တယ်၊ ဘောလုံးကန်လဲ တော်တယ်ဆိုပါဆို.၊ကိုယ်လျှောက်မဲ. အလုပ်ကရုံးလုပ်ငန်းဖြစ်ပြီး ကွန်ပြူတာသုံးဖို့ လိုနိုင်တယ်ဆိုရင် summary မှာကွန်ပြူတာသုံးတတ်တာကောင်းကောင်း အလေးထားရေးပါ၊ ဘောလုံးကိုတော့ နောက်ရေးမဲ.other skills အခြားကျွမ်းကျင်မှုများ နေရာမှာထဲ.ပေါ.။ တကယ်လို့ ကိုယ်လျှောက်မဲ.အလုပ်က အားကစားနဲ. ပတ်သက်ရင်တော့ ဘောလုံးကန်တော်တာ summary မှာ အလေးပေးရေးပေါ့၊ဒါကြောင်. မိမိရဲ.CV ကို လျှောက်မဲ့အလုပ်နဲ့  ဆီလျှော်အောင်ရေးနိုင်ဖို့  သိပ်အရေးကြီးတယ်၊ CV ကို လျှောက်မဲ့အလုပ်နဲ ကိုက်ညီအောင် ပြုပြင်နေဖို.လိုမယ်၊CV တစောင်ရေးပြီး အလုပ်အားလုံး ကို တပုံစံထဲလိုက်လျှောက်နေလို.တော့ အလုပ်ရှင်ချက်ချင်းခန့် ချင်တဲ့ CV မျိုးဖြစ်မှာမဟုတ်ဘူး။

ဒုတိယအချက် က.. ဘွဲ.ရကာစလူငယ်တွေ(fresh graduate ) အတွက်ပါ။ ငါတို.ကအခုမှကျောင်းပြီးတာ၊ ဘာအတွေ.အကြုံမှလဲမရှိဘူး၊ အလုပ်ရဖို. မလွယ်လောက်ပါဘူး လို.စိတ်ဓါတ်မကျနဲ့ ။တချို.အလုပ်တွေ၊ အလုပ်ရှင်တွေ က fresh graduate ကို အချို့ အလုပ်တွေ (ဥပမာ..ကျွမ်းကျင်မှု သိပ်မလိုတဲ.အလုပ်တွေ) မှာခန့် ဖို.စိတ်ဝင်စားကြတယ်၊ အလုပ်သင်သဘောပေါ.၊ လစာကတော့အစမှာနဲနိုင်တယ်၊ ဒါပေမယ့် နောက်တော့ ကြိုးစားမှုပေါ်မူတည်ပြီး ရာထူးတွေဆက်တက် သွားတာပါပဲ၊ တကယ်လဲကောင်းပါတယ်၊ အတွေ.အကြုံသိပ်မရှိသေးခင်မှာလစာလဲရ၊ပညာလဲရပေါ ။၊လွန်ခဲ.တဲ.၃နှစ်လောက် က စင်္ကာပူ MDIS Management Institute က ကျောင်းပြီးကာစ စင်္ကာပူသူလေးတယောက်ကို ကျနော်ဆီမှာ သုတေသန လက်ထောက်အဖြစ် ခန်.ဖူးတယ်၊သူကလဲတော်ပါတယ်၊ အလုပ်လဲ ကြိုး ကြိုးစားစား ရှိတော.သင်လွယ်၊တတ်လွယ်တယ်၊ အခုတော.နေရာကောင်းကောင်း၊လစာကောင်းကောင်းရနေပြီ။ ဒါကြောင်.fresh graduate တွေအားမလျှော့ နဲ့  ၊ ရိုးရိုးသားသား၊ကြိုးကြိုးစားစားသာလုပ်၊ဘာမှမအောင်မြင်စရာမရှိဘူး။

Summary of qualification and achievement (ကိုယ်.ရဲ. အရည်အချင်းနဲ့ အာင်မြင်မှုအကျဉ်းချုပ်) အကြောင်း ကျနော် ပြောခဲ့တာတွေ ကိုပြန်ချုပ်ကြည့်ကြရအောင်။

အဲဒီ Summary မှာအချက်၎/၅ ချက်လောက်ရေးပေးပါ၊ပထမ ၂ချက်၊၃ချက်က မိမိအလုပ်/ကျောင်း ကအရည်အချင်းနဲ. အောင်မြင်မှုတွေရေးပါ၊နောက်တချက် ကother relevant skills အခြားဆက်စပ်တဲ့ အရည်အချင်းတွေ(ဥပမာ..English,computer စသဖြင့်)၊နောက်ဆုံးအချက်က interpersonal skill လူလူချင်းဆက်ဆံရေးမှာအရေးပါတဲ.skills တွေ(ဥပမာ..organizing skill စည်းရုံးရေးကောင်း တဲ့ skillတို.၊ team work အဖွဲ့ အစည်းနဲ့ လုပ်ကိုင်တတ်တဲ့skillတို့ ပေါ)့၊အလုပ်ရှင်ဟာ အလုပ်ကအရည်အချင်းအပြင် အဲဒီလို လူမှုဆက်ဆံရေး skillကောင်းတဲ့သူတွေကိုပိုသဘောကျကြတယ်၊ဘာလို.လဲဆိုတော့ အလုပ်ဆိုတာ လူတွေနဲ့ လုပ်ရမှာမဟုတ်လား။

ကဲ..အဲဒီတော. CVရေး ပြီဆိုရင်….

အမည်
ပညာရေး(ဘွဲ.၊ဒီဂရီ)
ဆက်သွယ်ဖို.လိပ်စာ(ဖုန်းနံပါတ်အပါအ၀င်)
summary of qualification and achievement(ကိုယ်.ရဲ.အရည်အချင်းနဲ. အောင်မြင်မှုအကျဉ်းချုပ်)ရေး ။
ပြီးရင် ရှေ့ ကရေးခဲ့ တဲ့ summary(အကျဉ်းချုပ်) ကိုအသေးစိတ် အကျယ်ရှင်းပြမဲ့...

Educational qualification(ပညာရေး-ဘွဲ့ ၊ဒီဂရီတို့ )၊
working experience(လုပ်ငန်းအတွေ့ အကြုံ)၊
other relevant skills(အခြားဆက်စပ်တဲ့ ကျွမ်းကျင်မှုတွေ)၊
referees (ကိုယ်ကိုထောက်ခံပေးမဲ့သူတယောက်၊၂ယောက်) ဆက်ရေးပေတော.။
(ပိုပြီး စဉ်းစားရ၊ရေးရတာလွယ်တဲ့နည်းက..ဒီအသေးစိတ်ရှင်းပြတာတွေကိုအရင်ချရေးကြည့်၊...ပြီးမှ summary(အကျဉ်းချုပ်) အတွက် ကိုယ်အလေးပေးပြောချင်တဲ့ point တွေပြန်စဉ်းစား၊ပြန်ရေး တဲ့နည်းပါပဲ။၊ရေးကြည့်ပါ၊လွယ်သွားပါလိမ့်မယ်။)

Summary ကိုတောင်တော်တော်ကြိုက်နေပြီဖြစ်တဲ့ အလုပ်ရှင်ဟာ ဒီအသေးစိတ် အချက်အလက်တွေကို စိတ်ဝင်တစားဆက်ဖတ်လိမ့် မယ်၊ မပူနဲ.၊ ဒီလိုလူမျိုးဘယ်မှာလက်လွှတ်ခံပါ့မလဲ။

(ဒီတပတ်တော့ စာတော်တော်ရှည်သွားပြီ၊ နောက်တပတ်မှ CV format ပုံစံလေးနဲ့ Cover letter အကြောင်းဆက်ရေးပေးပါမယ်…)

အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..

ဒေါက်တာအောင်မျိုး

CV နဲ့ Cover Letter ဘယ်လိုရေးရင် ကောင်းမလဲ





ဒီတခါတော. CV နဲ. cover letter ရေးနည်းအကြောင်းပြောပြချင်တယ်၊ဘာလို.လဲဆိုတော.CV ဟာကိုယ်ရဲ.အရည်အချင်း၊အတွေ.အကြုံ၊ကျွမ်းကျင်မှုတွေကိုပြောပြမဲ.အလွန်အရေးကြီး document မှတ်တမ်းတခုပါ။

(CV ဟာမိမိအကြောင်း အသေးစိတ်ဖော်ပြတာဖြစ် ပြီးacademic institute တွေ၊Scholarship programme တွေမှာပိုသုံးတယ်၊အလုပ်အတွက်ကတော.အကျဉ်းချုပ်ရေးထားတဲ. Resume ဆိုလုံလောက်ပါတယ်၊ ဒါပေမယ်.ဒီမှာတော. အားလုံး နဲ. familiar ဖြစ်မဲ. CV လို.သုံးနှုန်းပါ.မယ်)

အလုပ်စလျှောက်တဲ.အခါမှာဖြစ်ဖြစ်၊အလုပ်ထဲမှာpromotion အတွက်ပဲဖြစ်ဖြစ်၊ scholarship လျှောက်တဲ.နေရာမှာဘဲဖြစ်ဖြစ် CV ဟာ သိပ်အရေးကြီးပါတယ်၊ ကိုယ်.အရည်အချင်းကို ရွေးချယ်မဲ.သူသိအောင် စပြီးပြောပြနိုင်တဲ. Document ပဲပေါ.၊

လူ လူချင်းတွေ. ရင် first impression ပထမဆုံး ကိုယ်အပေါ် သူ.ရဲ.အထင်အမြင်ကအရေးကြီးတယ်ဆိုရင် လူချင်းမတွေ.ခင် မိမိကိုရွေးချယ်မဲ.သူဖတ်မဲ.CV ဟာ အထင်အမြင်သိပ်ကောင်းနေဖို.လိုတာပေါ.၊ကိုယ် ရဲ.CV ဖတ်ပြီးတာနဲ.ကိုယ်.ကို interview ခေါ်ချင်စိတ်၊အလုပ်ခန်.ချင်စိတ်၊Scholarship ပေးလိုစိတ် ပေါက်သွားအောင်ရေးရမှာ။

အဲဒီလိုCV မျိုး၊ Cover letter မျိုး ဘယ်လိုရေးမလဲ?

အခုတော.ပြောင်းလဲနေပြီလား မသိဘူး၊အရင်တုန်းကတော. CV ရေးဖို.လိုရင် မိတ်တူဆိုင်၊ကွန်ပြူတာဆိုင်က form ယူ ပြီး ဖြည်.ချင်ရင်ဖြည်.၊ပိုသပ်သပ်ရပ်ရပ် ဖြစ်စေချင်ရင် ကွန်ပြူတာစာစီခိုင်းလိုက်တာပေါ.၊ အမည်၊မွေးသကရစ်၊ လုမျိုး။ ဘာသာ၊ဖခင်အမည်…အစရှိ တဲ. ready-made ပုံစံကိုဖြည်.လိုက်တာပါပဲ။

အရင်ကကိုယ်တိုင်လဲအလုပ်ရှာခဲ.။အခုလူတွေကိုအလုပ်ခန်.တော.မှ..လူမျိုးတို.၊ဘာသာတို.ဆိုတာ အရေးမှမကြီးပဲ၊ဘယ်လူမျိုး။ဘယ်ဘာသာမဆို ကိုယ်.အလုပ်အတွက်အရည်အချင်းရှိတဲ.သူဆို အလုပ်ခန်.မှာပဲ၊ အဖေအမည်ဆိုပိုတောင်မှ မသိချင်သေးတယ်။လွန်ခဲ.တဲ.နှစ်တွေက ကျနော.ဋ္ဌာနမှာ ဒေသဆိုင်ရာ မန်နေဂျာတယောက်နဲ.ကင်ဆာဆရာဝန်တယောက် လို်.တော. မန်နေဂျာရာထူးအတွက် မွန်ဘိုင်း(ဘုံဘေ)ကတယောက် နဲ. ကင်ဆာပညာရှင် ရာထူးအတွက် တရုတ်ပြည်က ကင်ဆာအထူးကုဖြစ်ပြီး စင်္ကာပူက PhD ရထားတဲ.သူတယောက် ကို ကျနော် ခန်.ခဲ.တယ်၊ လူမျိုး၊ဘာသာတွေ အရေးမကြီးပါဘူး၊အခြားဋ္ဌာနတွေ၊companyတွေမှာ လဲ ဒီလိုဘဲ၊ကိုယ်လိုချင်တဲ. အရည်အချင်းရှိရင်အလုပ်ခန်.မှာပဲ။

ပြောချင်တာက…ကျနော်တို.ကမလို အပ်တဲ.အချက်အလက်တွေအတွက်အရေးကြီးတဲ.(ရွေးချယ်မဲ.သူ စဖတ်မဲ.) ပထမစာမျက်နှာ ရဲ. အပေါ် ပိုင်းတ၀က်လောက်ကိုဖြုန်းပစ်လိုက်တာ။

အဲဒီတော.CV ကိုဘယ်လိုစရင်ကောင်းမလဲ?

ပထမ အမည်၊နောက်က ပညာရေး(ဘွဲ.)နဲ.ဆက်သွယ်ဖို.လိပ်စာ(ဖုန်းနံပါတ်)ရေးပြီးရင် summary of qualification and achievement(ကိုယ်.ရဲ.အရည်အချင်းနဲ.အောင်မြင်မှုအကျဉ်းချုပ်)ကို စရေးပါ၊ သိပ်အရေးကြီးပါတယ်၊ တကယ်တော.အလုပ်ရှင်ဖြစ်ဖြစ်၊scholarship ပေးမဲ. university ကဖြစ်ဖြစ် ဒါကိုသိချင်တာ။ ကိုယ်ရဲ.အလုပ်အတွက် လူမှန်နေရာမှန်ဖြစ်ပါ.မလားဆိုတာ စသိချင်တာ၊ မဟုတ်ရင် ရေရှည်မှာသူရော၊ကိုယ်ရောစိတ်ဆင်းရဲရမှာ။

အဲဒီတော. Summary of qualification and achievement ရေးရင် ကိုယ်.ရဲ. အရည်အချင်း၊အောင်မြင်မှု တခုစီကို bullet point တခု(စာကြောင်းတကြောင်းနဲ.)တိုတိုရှင်းရှင်းရေးပါ။၎/၅ ခုလောက်ပေါ.။

အရေးကြီးဆုံးက အဲဒီ summary မှာ ဘာတွေရေးရမလဲဆိုတာပဲ။

တကယ်ရေးရမှာ က Achievement-based မိမိအောင်မြင်မှုတွေကိုအခြေခံတဲ.CV မျိုး၊ summary မျိုးရေးရမှာ၊ ဘာလုပ်ခဲ.တယ်ဆိုတာထက် result-orientated ဘယ်လို result အောင်မြင်မှု တွေရအောင်လုပ်နိုင်ခဲ.တယ် ဆိုတာကို နိုင်ငံတကာမှာ ပိုတန်ဖိုးထားတယ်၊ ဥပမာ..စတိုးဆိုင်မှာ အရောင်းဝန်ထမ်း လုပ်ခဲ.တယ်ဆိုရင် ကိုယ်.ကြောင်. တနှစ်မှာ ဘယ်လောက်ရောင်းအားတက်လာတယ်၊ ဖောက်သည်ဘယ်လောက်တိုးအောင်လုပ်နိုင်ခဲ.တယ်.အစရှိသဖြင်.ပေါ.။

(ရေးစရာကများတော. တပတ်ထဲနဲ.ပြီးမှာမဟုတ်ဘူး၊နောက်တပတ်မှာဆက်ရေးပေးပါမယ်…)

အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..

ဒေါက်တာအောင်မျိုး

OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



Arithmetic Operators

အတွက်အချက်အတွက်သုံးမယ့် Arithmetic Operators တွေအကြောင်းရောက်ပြီ..။ +,-,*,/တွေ အကြောင်းပြောတော့မယ်..။ အခြေခံဆိုပေမယ့် နေရာတိုင်းမှာ အရာကျယ်တယ်..။ Core Concept တွေဖြစ်ပြီး ကျန်တာတွေက သူတို့ကနေ ချဲ့ချဲ့သွားတာတွေဖြစ်တယ်..။ ပေါင်းနူတ်မြှောက်စားတွေအပြင် (%)ကို အကြွင်းအတွက်နဲ့ binary operation တွေအတွက်လည်း သေချာသတ်မှတ်ထားတဲ့ operators တွေ ရှိပါသေးတယ်..။



int x=5;
x now 7--> x+=2;


ဒီ operator တွေနဲ့ ပတ်သက်လို့ကတော့ (C,C++,Java,C#) language တွေအားလုံး အတူတူပါပဲ..။



တန်ဖိုးတိုးသွားတာနဲ့ လျော့သွားတာနဲ့ ပတ်သက်လို့မှာ (++)နဲ့(--)လို့ operation နှစ်ခုရှိတယ်..။ ဒီ operator တွေကိုသုံးတာက ရှင်းရှင်းလေးပါ..။ ၁ ပေါင်း ၁ နူတ် လုပ်သွားတာပါပဲ..။



ဒီလက္ခဏာနှစ်ခုက variable ရဲ့ရှေ့မှာ ရှေ့မှာလည်းရှိတယ်..။ နောက်မှာလည်း ရှိတယ်..။ ရှေ့နောက်နေရာကွာတာနဲ့အမျှ အကျိုးသက်ရောက်မှုလည်း ကွာသွားတယ်..။ ဒီလက္ခဏာက variable ရဲ့ရှေ့မှာရှိရင် variable ကိုမသုံးခင် သူ့အကျိုးသက်ရောက်မှုက အရင်ဖြစ်သွားတယ်..။



(++)လက္ခဏာကို variable နောက်မှာထားရင် variable တန်ဖိုးကို assignအရင်လုပ်တယ်..။ assign လုပ်ပြီးမှ ၁ တိုးတာ လုပ်တယ်..။



(?:)ဆိုပြီးထူးခြားတဲ့ လက္ခဏာလေးရောရှိတယ်..။ အဓိပ္ပာယ်က if then else statement ဆိုတဲ့ အဓိပ္ပာယ်ပါ..။ ? နဲ့ : နဲ့ operand သုံးမျိုးကြားမှာ ခွဲထားတာပါ..။ ပထမ operand က Boolean Expression ပါ..။ Boolean Expression ကလုပ်လိုက်တဲ့ အလုပ်ကမှန်သွားရင် ? နောက်က variable ရဲ့ result ထွက်မယ်..။ မမှန်ရင် (:) နောက်က result ထွက်မယ်..။



ဆက်ရန်..................>

OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



Console Input and Output

အခုပြောမယ့်ဟာတွေက output ထုတ်တဲ့နေရာမှာသုံးဖို့ C#အသုံးလေးပါ..။ ပုစ္ဆာတွေတွက်ရင် လိုမှာမို့ ထည့်ရေးလိုက်ပါတယ်..။

စာကြောင်းတစ်ကြောင်းလုံးကို ဖတ်မယ်ဆိုရင်



user ကစာကြောင်းအနေနဲ့ပဲ ရိုက်ထည့်လိုက်တော့..။ string အနေနဲ့ပဲ ၀င်လာတယ်..။ တကယ်လို့ ရိုက်ထည့်လိုက်တဲ့စာကြောင်းမှာ အသက်လို၊ လခလို ကိန်းဂဏန်းတွေပါလာခဲ့ရင် စာကြောင်းအနေနဲ့ဝင်လာတဲ့ဂဏန်းတွေကို ဂဏန်းတန်ဖိုးဖြစ်အောင် ပြန်ပြောင်းပေးရမယ်..။



Console ဆိုတဲ့ class က output ထုတ်ပေးဖို့ .Net Library ထဲမှာ ရှိပြီးသားဟာပါ..။ Console class ထဲမှာ WriteLine method, Write method တွေရှိတယ်..။ WriteLine ကစာတစ်ကြောင်းချင်း တစ်လိုင်းချင်းရေးသွားတဲ့နည်း..။ Write ကတော့ တစ်ကြောင်းချင်း တစ်လိုင်းချင်းမချဘူး..။ ကိုယ်ရေးလိုက်သလို Format လေးအတိုင်း output ကိုထုတ်ပေးတာပါ..။



Value မတူတာတွေကို Output တစ်ခါတည်းထုတ်ဖို့ရာ WriteLine()method မှာရှိပါတယ်..။ output ထုတ်ချင်တဲ့ format ကို ကိုယ်ထည့်ချင်တဲ့ တန်ဘိုးနဲ့ နေရာတွေသတ်မှတ်ပေးပြီး ထည့်ပေးလိုက်တာပါ..။



OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



လိုအပ်လာတဲ့ တခါတရံမှာ Type တွေအချင်းချင်း အကူးအပြောင်း လုပ်ပေးရတာတွေ ရှိပါတယ်..။ int ကနေ long ကိုပြောင်းတာ..။ double ကနေ int ပြန်ပြောင်းတာတွေ ရှိလာပါတယ်..။ ဒီလိုပြောင်းရာမှာ နည်းနှစ်နည်းရှိပါတယ်..။

Implicit Conversion
Explicit Conversion


Implicit Conversion ဆိုတာ သေးတဲ့ခွက်ထဲကနေ ကြီးထဲခွက်ထဲပြောင်းထည့်တာမို့ သူ့ဒေတာတွေ ဆုံးရှုံးစရာမရှိပါဘူး..။ Explicit Conversion မှာတော့ ကြီးတဲ့ခွက်ထဲကနေ သေးတဲ့ခွက်ထဲပြောင်းတာမို့ ဒေတာတစ်ချို့ ဆုံးရှုံးတာ ဖြစ်ပေါ်မှာပါ..။ မြင်သာအောင် ဥပမာတွေ ပြလိုက်ပါတယ်..။





အိမ်ပြောင်းကြမယ်..။





တနယ်တကျေးမှာနေကြသူတွေ အလျဉ်းသင့်သလို အဆင်ပြေသလို တစ်နေရာနဲ့တစ်နေရာ ရွှေ့ပြောင်းနေကြရတာ မထူးဆန်းပါဘူး..။ အိမ်ပြောင်းရင် ဘယ်လိုလေးက အဆင်ပြေသလဲဆိုတာ အတွေ့အကြုံလေး ဝေမျှချင်လို့ပါ..။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က မစံပယ် အိမ်နှစ်ခါ ပြောင်းရပါတယ်..။

ပထမတစ်ကြိမ်ပြောင်းတုံးက မစံပယ်နဲ့အတူနေတဲ့သူငယ်ချင်းက မြန်မာနိုင်ငံ ခဏပြန်သွားချိန်မို့ သူ့ပစ္စည်းတွေထုပ်ပိုးထားခဲ့တာတွေကိုပါ မစံပယ်တစ်ယောက်တည်းက ပြောင်းပေးခဲ့ရတာပါ..။ မစံပယ်တို့ဆီက မောင်လေးတစ်ယောက်က လာကူသယ်ပေးလို့ မစံပယ်က ကားငှားတော့ အလုပ်သမားထည့်မငှားခဲ့ပါဘူး..။ အဲဒီတုံးက မစံပယ်ကအလုပ်ကနေခွင့်ယူပြီးပြန်လာပြီးမှ ပစ္စည်းလက်စသပ်သိမ်းရတာပါ..။ မစံပယ်ပစ္စည်းတွေသိမ်းပြီးချိန်ထိ ၇ နာရီလာမယ်ဆိုတဲ့ ကားက မလာသေးလို့ မစံပယ်က ကားနဲ့ပါလာမယ့် ထရော်လီကို စောင့်ပြီး ပစ္စည်းတွေကို ဧည့်ခန်းမှာပဲထားပြီး စောင့်နေခဲ့ပါတယ်..။ ပစ္စည်းတွေကို ကားလာမယ့်နေရာထိ ကြိုချမထားမိပါဘူး..။

၇ နာရီလာမယ်ဆိုတဲ့ကားက ၈:၃၀ မှာလာပါတယ်..။ ကားလာမှ မစံပယ်တို့နှစ်ယောက် ဧည့်ခန်းကိုပစ္စည်းကို Lift နားတစ်ခါရွှေ့..၊ ပုံထား..။ Lift ကနေ အောက်ကိုတစ်ခါချ..၊ Lift အထွက်မှာ ပုံထား..။ Lift အထွက်ကနေမှ ကားပေါ်တစ်ခါရွှေ့တင် အဲလိုအကြိမ်ကြိမ် လုပ်ရပါတယ်..။ မစံပယ်က အလုပ်သမားထည့်ငှားမထားလို့ ကားပေါ်ပါတဲ့လူနှစ်ယောက်ကို ကူသယ်ပါဦးလို့ အကူအညီမတောင်းပါဘူး..။ ကားပေါ်ကနေပဲ ပစ္စည်းတွေ နေရာချပေးစေရုံတင် လုပ်ပါတယ်..။ ပစ္စည်းတွေတင်ပြီးလို့ မောမောပန်းပန်းနဲ့ ကားမောင်းသမားနားရောက်တော့ ဖုန်းပြောနေပါတယ်..။ မစံပယ်ကလည်း စောင့်ရလို့ စိတ်မရှည်လို့လား..၊ မောပန်းတဲ့အရှိန်ကြောင့်လား မသိပါဘူး..။ ကျွန်တော်တို့က ဘယ်ကလိုက်ရမှာလဲလို့ မေးလိုက်ပါတယ်..။ ကားမောင်းသမားက လုပ်ငန်းပိုင်ရှင်ပါ..။ အလုပ်သမားနှစ်ယောက်က ပစ္စည်းအတင်အချအတွက်ပါ..။ သူတို့ကိုထည့်ငှားရင် တစ်ဈေး..၊ ထည့်မငှားရင် တစ်ဈေးပါ..။ မစံပယ်က ထည့်ငှားမထားပါဘူး..။ အဲဒီလူနှစ်ယောက်က ကားမောင်းသမားဘေးကနေပဲ လိုက်မယ့်ပုံတွေ ပြနေပါတယ်..။ နောက်ခန်းက ပစ္စည်းထည့်တဲ့အခန်းကို ပိတ်နေကြပါတယ်..။ နောက်ခန်းကိုပိတ်လိုက်ရင် သူတို့နှစ်ယောက်က ကားသမားဘေးထိုင်ရင် မစံပယ်နဲ့ မစံပယ်မောင်လေးက ဘယ်မှာထိုင်ရမှာလဲလို့ ကားမောင်းသူကိုသွားမေးတော့ ကားငှားပြီးရှေ့ကသွားပါတဲ့..။ မစံပယ်လည်း အံ့သြပြီးဘာမှပြန်မပြောဘဲ ကားငှားမယ့်ဖို့ လမ်းပေါ်ထွက်အသွားမှာမှ ကားမောင်းသမားက သူ့လူနှစ်ယောက်ကို ဟေ့ကောင်တွေ မင်းတို့နောက်ကပဲ တံခါးဖွင့်လိုက်ခဲ့ကွာဆိုပြီး ပြောပါတယ်..။ အဲဒီတော့မှ မစံပယ်တို့ကို လာ ဆိုပြီး ရှေ့ခန်းကခေါ်ပါတယ်..။

ကားသမားက ပစ္စည်းဟောင်းတွေဝယ်ပြီး ပြန်ရောင်းတဲ့အလုပ်လည်း လုပ်ပါတယ်..။ ပရိဘောဂဆိုင်ပိုင်ရှင်ပါတဲ့..။ ပိုင်ရှင်မို့လို့ အောက်သက်မကြေဘဲ မစံပယ်တို့ကို အထက်စီးကနေ နေပြီး ပြောဆိုဆက်ဆံတာပါ..။ နောက်အိမ်ရောက်တော့လည်း ကားပေါ်ကပစ္စည်းတွေချပြီးတာနဲ့ ပိုက်ဆံရှင်းပြီးတာနဲ့ ကားထွက်သွားတာပါ..။ တစ်ကြောင်း ၅၀ ပေးရပါတယ်..။ ကားကကြီးပါတယ်..။



မစံပယ်က နောက်အဆင်ပြေတဲ့တစ်အိမ်အတွေ့မှာ ထပ်ပြောင်းချင်တာနဲ့ မစံပယ်သူငယ်ချင်းနဲ့အတူ ပြောင်းကြပါတယ်..။ ဒီတစ်ခါတော့ သူငယ်ချင်းမနဲ့ နှစ်ယောက်ပါ..။ ဒီတစ်ခါလည်း အလုပ်သမားမငှားပါဘူး..။ နှစ်ယောက်ထုပ်ပိုးသယ်ထုတ်ပြီး ခါးနာခံပြီး ကားလာမယ့်လမ်းကို ချထားပါတယ်..။ ကားက ၅ နာရီ ချိန်းထားပါတယ်..။ တော်တော်နဲ့မလာပါဘူး..။ ကားမလာတော့ မစံပယ်သူငယ်ချင်းက အခန်းကိုစစ်ရင်း အိမ်ရှင်တွေ ၆ နာရီရောက်မှာမို့ သော့အပ်ခဲ့ဖို့ စောင့်နေပါတယ်..။ မစံပယ်က သော့ကိုဒီတိုင်းထားခဲ့ဆိုတော့ မစံပယ်သူငယ်ချင်းက မထားခဲ့ချင်ဘူး..။ သေချာအပ်ဖို့လိုတယ်ဆိုပြီး စောင့်နေပါတယ်..။ ကားက ၅ ၃၀ လောက်မှာ ရောက်လာပါတယ်..။ မစံပယ်က ပစ္စည်းတွေတင်ပေးပါတယ်..။ အလုပ်သမားနှစ်ယောက်က ကားပေါ်ကနေ နေရာချပါတယ်..။ ဒီနှစ်ယောက်ကတော့ အရင်တစ်ခါလို သူတို့လာမှ အိမ်ထဲကပစ္စည်းထုတ်တာမဟုတ်လို့ ကူရမလို၊ မကူရမလိုနဲ့ ရှိုးတိုးရှန့်တန့်ဖြစ်စရာ မလိုလိုက်ပါဘူး..။ မစံပယ်လည်း ဒါကြောင့်မို့ ပစ္စည်းတွေ ကြိုချထားလိုက်တာပါ..။ ဒီတစ်ခါငှားတဲ့ကားက အရင်တစ်ခေါက်က ကားမဟုတ်တော့ပါဘူး..။ မစံပယ်တို့ပစ္စည်းတွေတင်တာ ၁၅ မိနစ်လောက်ပဲကြာပါတယ်..။ ပစ္စည်းလည်းတင်ပြီးရော ကားကစက်နှိုးပြီး ခေါင်းလှည့်ပြီး ထွက်မလို့လုပ်တော့တာပါပဲ..။ အလုပ်သမားနှစ်ယောက်ကလည်း နောက်ကပစ္စည်းတင်တဲ့အခန်းထံခါးဖွင့်ပြီး ကားပေါ်ရောက်နေပါပြီ..။ မစံပယ်က သူငယ်ချင်းကို ဖုန်းဆက်ခေါ်ပါတယ်..။ သူငယ်ချင်းက ၁၅ မိနစ်လောက်လေးစောင့်ချင်သေးပေမယ့် ကားသမားကိုမပြောရဲပါဘူး..။ မစံပယ်ကလည်း မပြောမိပါဘူး..။ သူငယ်ချင်းလည်းဆင်းလာရော ကားသမားက မစံပယ်သူငယ်ချင်းကို မျက်စောင်းကြီးထိုးကြည့်နေပါတယ်..။ သူကလည်း လုပ်ငန်းပိုင်ရှင်ပါပဲ..။ သူတို့ရောက်တာသာ နောက်ကျတာ..။ မစံပယ်တို့ကိုတော့ နည်းနည်းမှ စောင့်မပေးချင်ပါဘူး..။ မစံပယ်သူငယ်ချင်းမလေးကိုလည်း မျက်စောင်းကြီးခုတ်ကြည့်တာ မစံပယ် ကိုယ့်သူငယ်ချင်းကိုတောင် သနားပါတယ်..။

နောက်အိမ်ရောက်တာနဲ့ ကားပေါ်ကပစ္စည်းတွေချပေးပြီးတာနဲ့ ကားပြန်ထွက်သွားပါတယ်..။ မစံပယ်တို့မှာ ပစ္စည်းတွေအခန်းထဲရောက်တယ်ဆိုတာနဲ့ နောက်တစ်ခေါက်ပြန်ထွက်ပြီး အိမ်အဟောင်းမှာ သော့သွားအပ်ရပါတယ်..။ မစံပယ်တို့ကပဲ မပြောတတ်မဆိုတတ်လို့လား..၊ သူတို့ကပဲ စိတ်မရှည်တာလား မသိဘဲ မစံပယ်အိမ်ပြောင်းတိုင်း စိတ်ကသိကအောက်ဖြစ်ရပါတယ်..။



ပြီးခဲ့တဲ့ ၄ ၊ ၅ လလောက်က မစံပယ်အသိတစ်ယောက် အိမ်ပြောင်းမယ်ဆိုတာသိရတော့ မစံပယ်သွားကူပေးပါတယ်..။ အလုပ်သမားငှားရင် ပိုက်ဆံပိုကုန်မှာစိုးလို့ ကူညီပေးတာပါ..။ အဲဒီအစ်မက အလုပ်ကနေလုပ်ရင်းတန်းလန်း အိမ်ပြောင်းရမှာပါ..။ ပစ္စည်းက လက်စသပ်စရာတွေ ကျန်သေးတယ်..။ မစံပယ်တို့မရောက်ခင်ပဲ ကားကရောက်နေပါပြီ..။ မစံပယ်က တော်တော်စိတ်ပူသွားပါတယ်..။ မစံပယ်တို့အိမ်ပြောင်းတုံးက ပစ္စည်းတွေအကုန်အောက်ရောက်ပြီးတာတောင် ကားသမားတွေက ခဏလေးမစောင့်ချင်ဘူး..။ အခုက ပစ္စည်းတွေက လက်စတောင်မသပ်ရသေးဘူးဆိုတော့ မစံပယ်တွေးလိုက်တာ..။ ကားသမား အော်တာခံရတော့မှာပဲလို့...။ ဒါပေမယ့် အိမ်ရွှေ့မယ့်အစ်မကတော့ အေးဆေးပါ..။ ကားသမားက သဘောကောင်းတယ်တဲ့..။ လောစရာမလိုဘူးတဲ့..။ မစံပယ်က ပစ္စည်းတွေမြန်မြန်လက်စသပ်သိမ်းပေးတုန်း သူက အိမ်ပိုင်ရှင်နဲ့ အခန်းခရှင်းနေပါတယ်..။ အကုန်ပြီးတာနဲ့ မစံပယ်ကအခန်းပြင်ထုတ်ပေးပါတယ်...။ နောက် ကူသယ်ပေးဖို့ မောင်လေးတစ်ယောက်လည်း ခင်ရာမင်ရာလာကူပါတယ်..။ သူကလည်း အခန်းအပြင်ကို ထုတ်ပါတယ်..။ အပြင်ကနေ ကားသမားမောင်လေးက သပ်သပ်ရပ်ရပ်ဖြစ်အောင် ထရော်လီပေါ်စုတင်ပါတယ်..။ သူကတစ်ခါတည်းတင်ပြီး တစ်ခါတည်းကားပေါ်ထိ သွားတင်ပါတယ်..။ မစံပယ်က မစံပယ်တို့ထုံးစံအတိုင်း Lift နားတစ်ခါရွှေ့..၊ အောက် တစ်ခါရွှေ့..၊ ကားနာတစ်ခါရွှေ့.. ။ သုံးခါရွှေ့ပြီး ကားပေါ်တင်ပါတယ်..။ ကားကတော့ သေးပါတယ်..။ တစ်ယောက်တည်းသမားတွေပြောင်းရင် မဆန့်မရှိပါဘူး..။ ဒီအစ်မပစ္စည်းက မစံပယ်တို့နှစ်ယောက်စာထက် များပါတယ်..။ မစံပယ်တို့ပါ ကားပေါ်တက်ပြီး ကားသမားနဲ့ နောက်မောင်လေးက ကားရှေ့ကတက်ပြီးအဆင်ပြေပြေပါတယ်..။ အစ်မကြီးက ကားစက်နှိုးပြီးတာကို ဖုန်းဆက်လို့ မပြီးသေးပါဘူး..။ အကုန်ကားပေါ်ရောက်တာကို သူ့တူမစောင့်ဖို့လိုသေးတယ်ဆိုပြီး ကားစက်နှိုးရက်ကြီး ၁၅ မိနစ်ကျော်ကျော်လောက် စောင့်ရပါတယ်..။ ကားသမားမောင်လေးနဲ့ မစံပယ်တို့ အတွေ့အကြုံတွေဖလှယ်ပြီး ရယ်စရာတွေ ပြောနေခဲ့ကြပါတယ်..။

နောက်အိမ်ရောက်တော့လည်း ပစ္စည်းတွေကို အခန်းထဲထိ အခေါက်ခေါက်သယ်ပေးပါတယ်..။ အစ်မကြီးက ပစ္စည်းတစ်ခုချင်းနေရာချနိုင်ပြီဆိုမှ သူငယ်ချင်းကူစရာရှိလို့ သွားမယ်ဆိုပြီး ပိုက်ဆံရှင်းပြီးတာနဲ့ မစံပယ်တို့ကိုပါ ဘူတာရုံတစ်ခါတည်းချထားပေးပြီး ပြန်ခဲ့ပါတယ်..။ မစံပယ်မှာ ကိုယ်ကြုံခဲ့တဲ့လူတွေနဲ့ တစ်ခြားစီမို့ အံသြနေမိပါတယ်..။ ကားက တစ်ကိုယ်ရေသုံး အလတ်စားလေးဖြစ်ပါတယ်...။ ပိုက်ဆံကလည်း ၃၅ ဒေါ်လာပဲ ယူပါတယ်..။ တစ်ရက်ကို တစ်ယောက်ပဲ လိုက်ပြောင်းပေးပါတယ်တဲ့..။ သဘောကောင်းကောင်း လူငယ်လေး ဖြစ်ပါတယ်..။ မစံပယ်လည်း အိမ်မပြောင်းဖြစ်သေးလို့ သူ့ကိုခေါ်စရာမလိုသေးပါဘူး..။ ဒါပေမယ့် လိုအပ်တဲ့သူတွေ ငှားနိုင်အောင်လို့ ဒီစာကိုရေးလိုက်တာပါ...။ နာမည်က Oak Max ပါတဲ့..။ မြန်မာနာမည် မသိပါဘူး..။ ဖုန်းနံပါတ်က ၈၆၁၂ ၉၀၀၁ ပါ..။ တခါတလေ ယောကျာ်းလေးတွေကိုပြောင်းပေးရင် နှစ်ခေါက်ပြန်သယ်ပေးတာတွေလည်း လုပ်ပေးပါတယ်တဲ့..။ အိမ်သစ်ရောက်မှ သော့ပါမလာလို့ သော့လိုက်ရှာပေးရတာတွေပါ ရှိပါတယ်တဲ့..။ သဘောကောင်းတဲ့ မောင်ငယ်လေးတစ်ယောက်ပါ..။ ကားသေးပေမယ့် သေချာထည့်တော့ ဆန့်ပါတယ်..။ စိတ်ရှည်ရှည်နဲ့ သေချာထည့်ပေးပါတယ်..။



မစံပယ်မှာ ဒါလေးပြန်အမှတ်ရမိလို့ မရေးဘဲမနေနိုင်ပါဘူး..။ ပင်ပင်ပန်းပန်းအိမ်ပြောင်းတဲ့ကိစ္စတွေမှာ စိတ်ကသိကအောက်မဖြစ်ရဖို့လည်း လိုသေးတယ်လေ..။ မစံပယ်အသိတွေကိုလည်း ဖုန်းနံပါတ်လေး ပေးပေးထားပါတယ်..။ လိုအပ်ရင်သိထားအောင်လို့ပါ..။ ကဲ.. ဘလော့လာတဲ့ ရွှေပွဲလာတွေလည်း အိမ်ပြောင်းတဲ့အခါ ကိုယ်နဲ့သင့်တော်မယ်ဆို ဖုန်းဆက်လိုက်ကြပါနော..။ မစံပယ်လည်း ကြော်ငြာခ လှမ်းတောင်းလိုက်ပါဦးမယ်..။ :D

OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



Local Variables





ဆိုတော့ Local Variables မှာ Literal နဲ့ Expression ဆိုပြီး Initial Value ဖော်ပြနည်း နှစ်နည်းရှိတယ်..။



Main Method ထဲမှာ Variable ကြေညာရင် Initial Value သတ်မှတ်ပေးရတယ်..။ မသတ်မှတ်ပေးရင် Error တက်ပြီပဲ...။ Main Method ထဲမှာ ကိုယ်ကသုံးတော့မှာမို့ Variable ကြေညာတာ..။ သုံးတော့မယ်ဆို သူ့တန်ဘိုးကဘာလဲဆိုတာ မသုံးခင်သိထားဖို့ လိုတယ်..။ ဒါကြောင့်မို့ တန်ဘိုးသတ်မှတ်ပေးရတာ..။

OOP အခြေခံများ (သို့) C# အခြေခံများ..။



OOP ကို C# Language နဲ့ ပြမှာဆိုတော့ ကျွဲကူးရေပါဆိုသလို C# Language နဲ့လည်း ရင်းနှီးသွားမှာပါ..။ ကိုယ်က Java Language နဲ့ရင်းနှီးတယ်ဆိုရင် Javaနဲ့ ပြောင်းစမ်းလိုက်ရုံပါပဲ..။



ဒါက Program တစ်ပုဒ်ရဲ့ အခြေခံအကျဆုံး ပုံသဏ္ဍာန်ပါပဲ..။ Programရဲ့ မူလပင်စည်ရင်းမြစ်ပဲ..။ ကျန်တာတွေက သူကနေ အတက်ပေါက်..၊ အကိုင်းအခက်တွေ စည်ပင်လာမှာ..။ တစ်ခုချင်းရဲ့ လက္ခဏာတွေ စလေ့လာရအောင်..။







စာတွေက ပုံထဲမှာ တစ်ခါတည်း ရှင်းပြထားပါတယ်...။ ပုံကတိုက်ရိုက်တင်တာဆိုတော့ သေးနေတယ်..။ Image Shack ကနေ ပြန်တင်ပေးပါမယ်..။

Simple Types

Programတွေမှာ Variableကြေညာရလေ့ရှိတယ်..။ ကိုယ်ကြေညာချင်တဲ့ Variable ကဂဏန်းကိုလက်ခံချင်တဲ့ Variable ဆိုပါစို့..။

int i (or) int i=1;



အဲလိုကြေညာတဲ့အခါမှာ Variable တွေမှာ ပုံစံသတ်မှတ်ထားတာတွေ ရှိတယ်..။ ဂဏန်းလက်ခံမယ့် Variable အတွက် integer, စာကြောင်းလက်ခံမယ့် Variable အတွက် String (သို့) Character အစရှိသဖြင့်..။ သဘောက ဘာနဲ့တူလဲဆိုတော့ Type ဆိုတာတွေက ခွက်ကလေးတွေနဲ့တူတယ်..။ ထည့်ချင်တဲ့အရာတွေပေါ်မူတည်ပြီး ခွက်တွေကပုံစံတစ်မျိုးစီ ရှိကြတယ်..။



ခွက်ကလေးတွေနဲ့ နမူနာပြတာပါ..။ Type ဆိုတာ အဲလိုခွက်တွေနဲ့ တူတယ်..။ ထည့်မယ့်အရာပေါ်မူတည်ပြီး type ကိုသတ်မှတ်ပေးရတယ်..။ Program မှာရှိတဲ့ Type တွေကို အောက်မှာ ဇယားနဲ့ပြထားတယ်..။ ဘယ်နှစ်မျိုးရှိလဲဆိုတာ အကြမ်းဖျဉ်းသိထားဖို့ လိုမယ်..။



boolean မှာ True, False လို့ တန်ဘိုးနှစ်ခုပဲ ရှိတယ်..။ စာကြောင်းတွေထည့်မယ်ဆိုရင် ("")မျက်တောင် အဖွင့်အပိတ်ထဲမှာ ထည့်ရေးတယ်..။ ဂဏန်းတွေမှာကျတော့ Signed နဲ့ Unsigned ဆိုပြီး ထပ်ခွဲထားသေးတယ်..။Signed ဆိုတာက အပေါင်းတန်ဘိုးရော..၊ အနူတ်တန်ဘိုးရောလက်ခံနိုင်လို့ သူကပိုကြီးတယ်..။ Unsigned ဆိုတာက သုညတန်ဘိုးကနေ အပေါင်းတန်ဘိုးတွေပဲလက်ခံတယ်...။ အနူတ်တန်ဘိုး လက်မခံဘူး..။ နေရာယူသက်သာတယ်လို့တော့ ပြောလို့ရတယ်..။



ရေးရင်တော့ int(Signed Integer), uint (Unsigned Integer)လို့ u တစ်လုံးပဲ ပိုတာပါ..။ သူက Memory နေရာယူတာ သက်သာစေချင်လို့ အပေါင်းတန်ဘိုးသေချာတဲ့ Type တွေမှာ uint လို့ သတ်မှတ်ပေးလိုက်ရင် ရပါတယ်..။ (u ထည့်သင့် မထည့်သင့် ခေါင်းရှူပ်ခံစဉ်းစားမနေပါနဲ့..။ u မထည့်လည်း ဘာမှမဖြစ်ပါဘူး..။ Program ကြီးလွန်းလို့ နေရာမဆန့်ရင်တောင် Program ထဲမှာပဲ မလိုတာတွေ ရှင်းပစ်တဲ့ နည်းတွေရှိပါတယ်..။ ရှိတယ်ဆိုတာ သိထားဖို့တော့ လိုပါတယ်..။)

မန္တလေး မှောင် မှောင်သည်ဆီက မုန်လာဥချဉ် အလွမ်းပြေ..။



မစံပယ်က အစားကို အကုန်စုံအောင် စားတတ်တာ တွေ့ရပါတယ်..။ :D ချဉ်ချဉ်၊ ချိုချို၊ အီအီ.. အကုန်ကြိုက်ပါတယ် ရှင်..။ ဟင်းချက်နည်းဝက်ဆိုဒ်တကာကိုလှည့်ပြီး သွားရေကျတာလည်း ညတိုင်းနီးပါးပါပဲ...။ အချဉ်လေးလည်း စားချင်တယ်..။ လဘက်လေးလည်း စားချင်တယ်..။ အသားခြောက်ဖုတ်လည်း စားချင်တယ်..။ အကုန်စားချင်တယ်..။

မုန်လာဥချဉ်စားချင်တာ နည်းမတွေ့လို့ တော်တော်နဲ့ လုပ်မစားရဘူး..။ အခုတော့ ကျန်တဲ့စားစရာတွေက အီနေပြီမို့ မုန်လာဥချဉ်တည်ဖို့ အလှည့်ရောက်လာပါပြီ..။ မိုးကောင်းသူဝက်ဆိုဒ်ထဲက မြန်မာမုန်ညင်းချဉ်တည်တဲ့နည်းနဲ့ပဲ မုန်လာဥချဉ်ကို တည်ပါတယ်..။

၁။ ထမင်းအိုးအရင်တည်ပြီး ဆန်ဆေးရေယူပါတယ်..။
၂။ထမင်းမကျက်ခင် မုန်လာဥကိုအခွံခွာ၊ ရေဆေးပြီး အ၀ိုင်းပါးပါးလေးတွေ လှီးပါတယ်..။
၃။ခါကြက်ဥလည်း လှီးပြီး အစိပ်လေးတွေ စိပ်ပါတယ်..။
၎။ထမင်းကျက်ခါနီးရင် ထမင်းအိုးထဲက ထမင်းပူကို နှစ်ဇွန်းကြီးကြီးလောက် ကော်ယူပြီး အအေးခံထားပါတယ်..။
၅။ထမင်းအေးရင် ဟင်းခပ်ဇွန်း နှစ်ဇွန်းစာလောက် ဆားကို ထမင်းပေါ်ထည့်ပြီး စိစိပါအောင် နယ်ပါတယ်..။
၆။ နယ်ပြီးရင် ရေဆေးထားတဲ့ မုန်လာဥဖြူ၊ ခါကြက်ဥတွေနဲ့ ထမင်းဆားနယ်ကို ဇလုံကြီးထဲမှာ ထည့်နယ်ပါတယ်..။
၇။နယ်ပြီးသွားရင် ဗူးခွံထဲထည့်ပြီး ဆန်ဆေးရေ လောင်းထည့်ပါတယ်..။ မီးဖိုထဲမှာပဲ ကျိုးတိုးကျဲတဲနေရောင်လေးအောက် ရောက်အောင် ထားထားပေးပါတယ်..။ သုံးရက်ထိမစောင့်နိုင်လို့ နှစ်ရက်နဲ့တင် ချဉ်သလောက်လေးနဲ့ ပဲမုန့်၊ ငရုတ်သီးစိမ်း..၊ ကြက်သွန်နီပါးပါးလှီးထားတာနဲ့ ငံပြာရည်၊ ဆား၊ ဆီထည့်ပြီး သုပ်စားပါတယ်..။ တော်တော်လေးစားလိုက်ရပါတယ်..။

ဒီနေ့တော့ မုန်လာချဉ်တင်မကဘဲ မုန်လာပွင့်တစ်ဝက်ကိုပါ ဒီနည်းနဲ့ပဲ အချဉ်တည်ထားလိုက်ပြန်ပါပြီ..။ အစားအသောက်ကတော့ အလုပ်လုပ်စရာရှိတာ လုပ်ကိုင်နေရင်းကို စားချင်နေစိတ်က အတွေးကရောက်ရောက်သွားပြီး စားချင်နေတာပါ..။ ဒီရက်ပိုင်းတွေမှာ မစံပယ် ကိုယ်အလေးချိန်တွေလည်း တိုးနေပါတယ်...။ :D



အသိတစ်ယောက်က စားချင်တယ်ဆိုလို့ ဓာတ်ပုံရိုက်ပြထားတာလေးပါ..။ တစ်ခါသုပ်စားထားပြီးကာစ လက်ကျန်ကျန်တဲ့ပုံပါ..။