အမေ့အတွက် ဘလော့တွေက ကူးထားတာ..။

ရွှေဝါရောင်အသား

မဟာစည်ဆရာတော်ဘုရားကြီးတစ်ပါးဟောကြားမှုနှင့်
အင်ဒိုနီရှားဗုဒ္ဓဘာသာခွဲစိတ်အထူးကုဆရာဝန်ကြီး(Singapore General Hospital) ၏
ဓါတ်တော်တိုက်ဆရာတော်ခွဲစိတ်မှုအပေါ်အခြေခံ၍ရေးသားတင်ပြပါသည်။
မျှဝေလိုပါသဖြင့်အမှားပါရှိပါကနားလည်ပေးကြပါ။

ဆရာတော်ကြီး၏ဟောကြားချက်။
သည်းခြေအိတ်(Gallbladder) မှာအမဲ၊အနီ၊အ၀ါ အကန့်သုံးကန့်ရှိပါတယ်။
အဖွင့်အပိတ်များပါရှိပါတယ်။လိုအပ်တဲ့ဖိအားရောက်မှပွင့်ကြပါတယ်။

လောဘ
စိတ်ဖြစ်ပေါ်တဲ့အခါစိတ်ဖိအားကြောင့်အမဲရောင်အကန့်မှသည်းခြေရည်( bile)
အမဲရောင်ထွက်လာပြီး၊အသားဟာအမဲရောင်ဖြစ်လာပါတယ်။
ဒေါသ
စိတ်ဖြစ်ပေါ်တဲ့အခါစိတ်ဖိအားကြောင့်အနီရောင်အကန့်မှသည်းခြေရည်( bile )
အနီရောင်ထွက်လာပြီး၊အသားဟာအနီရောင်ဖြစ်လာပါတယ်။


သည်းခြေအိတ်(Gallbladder ) ဟာသစ်တော်သီးပုံသဏ္ဍန်းရှိပြီးသည်းခြေရည်များ
သိုလှောင်ထားပြီးအသဲနဲ့ပြွန်ဖြင့်ဆက်သွယ်ထားပါတယ်။သုံးလေးလက်မလောက်ရှည်ပြီး
တစ်လက္မရှည်ပါတယ်။အထူးသဖြင့်အဆီကိုအစာအိမ်ကမချေနိုင်တဲ့အတွက်အစာအိမ်
အကြိမ်ကြိမ်ပွတ်မှုကြောင့်သည်းခြေအိတ်မှအ၀ါရောင်သည်းခြေရည်အပျစ်ရည်ဟာ
အစာအိမ်ထဲရောက်ရှိလာပြီးအဆီကိုချေဖျက်ပါတယ်။ကျောက်ပိတ်တဲ့အခါအ၀ါနှစ်ရည်ဟာ
ခန္ဓာကိုယ်အပေါ်ပိုင်းတက်သွားပြီးမျက်လုံးများဝါထိန်လာပါတယ်။

တရား ထိုင်တဲ့အခါဖြစ်စေ၊မှတ်တဲ့အခါဖြစ်စေ၊စိတ်တည်ငြိမ်လာမှုကြောင့်အ၀ါနှစ်များအနည်
ထိုင်ပြီးအ၀ါအရည်ကြည်များထွက်လာကြပါတယ်။ဒါကြောင့်
တရား ထိုင်တဲ့သူ၊မှတ်တဲ့သူများဟာအသားရွှေဝါရောင် ဖြစ်လာပါတယ်။
( သမာဓိပေါ်မူတည်ပြီးအသားရောင်ပြောင်းလဲလာတတ်ပါတယ်။)

လောဘ၊ဒေါသများနည်းပါးရေးအတွက်
ကြိုးစားကြရအောင်။


credit/http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:103303

အမေ

အမေပိန်သွားသည်တဲ့..။
   စိတ်မကောင်းလိုက်တာ..။ ဖုန်းခေါ်လို့ကလည်းမရ..။ အမေနဲ့အတူတူနေချင်သည်..။ ဘ၀တစ်လျှောက်လုံး အမေ့ဘေးမှာ အပူအပင်ကင်းကင်းနေချင်သည်..။ ဒါပေမယ့် ဆန္ဒဇောကမရ..။ တိုးတက်ချင်သည်..။ ဒီလောက်နဲ့အားမရ..။
    အမေ့ဘေးမှာနေကာ အမေချက်ကြွေးသောထမင်းကိုစားကာ ဘာကိုမှရှေ့ကလုပ်စရာမလိုဘဲ အမေပြီးမှ လိုက်ပြီးရသော သမီးကလေးဘ၀ဘဲ နေလိုက်ချင်သည်..။ ဒါပေမယ့် ဆန္ဒဇောတစုံတရာက မရ..။
   ရုန်းကန်လှူပ်ရှားနေမှဘ၀ဟု အမေက ပါးစပ်ကမပြောဘဲလက်တွေ့သရုပ်ပြသခဲ့သည်..။ ထို့ကြောင့် သမီးလည်း ရုန်းကန်လှူပ်ရှားရမည့်ဘ၀ကိုရွေးခဲ့သည်..။ သို့သော်အမေနှင့်ဝေးခဲ့ရသည်..။ အမေနှင့်အတူတူနေချင်သည်..။ အရာရာကို ကိုယ်ပဲဦးဆောင် ကိုယ်ပဲဆုံးဖြတ် လူကြီးလုပ်ရသော ဘ၀မှ တခါတရံ ထွက်ပြေးလွတ်မြောက်ချင်သည်..။
  သည်းခြေအိတ်ကျောက်တည်တဲ့..။ အင်တာနက်မှ ရှာဖတ်ရဦးမည်..။ လူကြီးဘ၀..၊ သူနာဘ၀ကို အမေ့ကို သက်သက်သာသာဖြတ်သန်းစေချင်သည်..။ အမေ့ရဲ့ဆပ်မကုန်နိုင်တဲ့ ကျေးဇူးတွေကို နိုင်သလောက်တော့ ပြန်ဆပ်ချင်သည်..။
   အမေနေကောင်းပါစေ..။
                                                                                                  
                                                                                                         မစံပယ်

ဘယ်သူလုပ်သလဲ..။

ဘလော့တစ်ခုမှာဖတ်ရတယ်..။ ရွှေမှန်ကင်းနဲ့ ကျငန်းနဲ့နေခဲ့တဲ့ မြန်မာတွေကို အခုလို သူများနိုင်ငံမှာ အောက်ကျနောက်ကျ ကျွန်ဘ၀ရောက်အောင်လုပ်နေတာ ဘယ်သူလဲတဲ့..။ အဓိပ္ပာယ်က အဲလိုလို့ မစံပယ်သဘောပေါက်မိတယ်..။
     မစံပယ်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်..။ ငယ်ပေါင်းကြီးဖော်..၊ တကယ့် သူငယ်ချင်းပါ..။ သူကအင်ဂျင်နီယာဘွဲ့ရ..။ အဖေရဲ့ဇာတိရပ်ရွာက စရိုက်ကြမ်းတဲ့ နာမည်ဆိုးနဲ့နာမည်ထွက်တဲ့ရွာ..။ အမေက ဟိန္ဒူဗုဒ္ဓဘာသာ...။ ဘာတွေဘယ်လိုလုပ်ကြသလဲမသိပါဘူး..။ မစံပယ်တို့ ၁၀ တန်းအောင်တဲ့နှစ်က သူတို့ ကားတွေထောင် ကားတွေပြေး နောက် အကြွေးတွေမဆပ်နိုင်..။ နာမည်ခံပြီးချေးခံထားရတဲ့ သူငယ်ချင်းနဲ့ ထောင်တွေအချူပ်တွေနဲ့ စကားတွေပြော..။ ကလေးတွေက ၇ ယောက်လား ၈ ယောက်လားက စားစရာမရှိ..။ အား.. သူတို့မိသားစုဘ၀က ကြောက်စရာကြီး ..။ ဘာတွေမှန်းကို မသိဘူး..။
      သူငယ်ချင်းလည်း ကျောင်းကို တစ်ပြားတစ်ချပ်မှမရှိဘဲ ဟိုလူ့ပိုက်ဆံနဲ့ ဒီလူ့ပိုက်ဆံနဲ့ပြောင်ပြောင်ချေး..၊ ပြောင်ပြောင်ပြန်မဆပ်..၊ မျက်နှာပြောင်ပြောင်နဲ့ ကျောင်းတက်ခဲ့တာ ဘွဲ့တောင်ရခဲ့ပြီ..။ သူများတွေလို ရိုးရိုးကုပ်ကုပ် အနေမှန်မှန်နဲ့ မရှိလည်းရိုးရိုးသားသားနေမယ်ဆိုတဲ့ စိတ်မမွေးဘဲ သူတစ်ပါးကိုသူ့အတွက်အသုံးချပြီး ကျောင်းပြီးအောင်တက်ခဲ့တာပဲ..။
    အခုအဲဒီသူငယ်ချင်းက ရန်ကုန်မှာ မစံပယ်အမြင်ပြောရရင် ခွင်ရှာစားတဲ့သူတစ်ယောက်ဖြစ်နေပြီ..။ သူတို့အစ်ကိုက အရာရှိထဲမှာ သိပ်မစားရတဲ့ ဋ္ဌာနတစ်ခုကပေါ့..။ အဲဒီအစ်ကိုအဆက်အသွယ်နဲ့ မစံပယ်တို့သူငယ်ချင်းက အလုပ်အကိုင်မယ်မယ်ရရ ပြစရာမရှိတဲ့..၊ ရိုးသားမှူကိုလျစ်လျူရှူတဲ့ ဘာ လို့ပြောရခက်တဲ့သူဖြစ်နေပြီ..။
         သူငယ်ချင်းအားလုံးကို အသုံးချပြီးပြီ..။ ပိုက်ဆံတွေချေး ပြန်မဆပ်ဘဲနေပြီး သူငယ်ချင်းအားလုံးနဲ့ မျက်နှာပျက်ခဲ့ပြီးသွားပြီ..။ ပြောလိုက်ရင် စက်မှူကျောင်းသား ပညာတတ်ဆိုတဲ့အချိုးနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ခပ်တည်တည် မျက်နှာတစ်ချက်မပျက်ဘဲ ပေါ်တင်လိမ်တတ်သွားပြီ..။ ပညာမဲ့တဲ့သူ ယုတ်မာတာက ပညာတတ်တဲ့သူယုတ်မာတာကို မမီဘူးဆိုတာကို လက်တွေ့ပြသနေပြီ..။
     အဲဒီသူငယ်ချင်းကို မစံပယ်ဥာဏ်မီသလောက်အကဲခတ်ကြည့်တော့ မြန်မာနိုင်ငံအခြေအနေကို မှန်မှန်ကြီးသဘောပေါက်ပြီး ဒီလိုပဲ လုပ်ကိုင်ခွင်ရှာစားပြီး..၊ သူ့ခွင်တည့်တဲ့နေမှာ သူ သူဋ္ဌေးဖြစ်ဖို့ ကြံနေတဲ့သူဖြစ်လာပြီ..။ ဒါပေမယ့် အခြေအနေ အချိန်အခါ မပေးသေးလို့ထင်ပါရဲ့..။ ခုထက်ထိတော့ သူဖြစ်ချင်သလိုဖြစ်မလာသေးပါဘူး..။
      ဒီလိုလူပေါ်လာတာက ခေတ်ကြောင့်လား..။ သူ့ပင်ကိုယ်ဗီဇကိုက သူလုပ်တာမှန်တယ်လို့အတင်းယုံကြည်ထားပြီး မမှန်တာကြီးကိုအမှန်လုပ်ပြီး ရုန်းကန်နေရတဲ့ သူ့ဘ၀ကြောင့်လား..။
    ခုတော့သူ့ကို သူငယ်ချင်းအားလုံးက ၀ိုင်းပယ်ထားကြပါပြီ..။ ဒါပေမယ့်သူကတော့ သူကပဲသူငယ်ချင်းတွေကို မဆက်သွယ်တော့သယောင်ပြောပါတယ်..။ သူ့ကိုမကောင်းတတ်လို့ ဆက်ခင်မင်နေကြပေမယ့် သူ့ဆီက အပုပ်နံ့ကို အားလုံးက ရကြပြီးသားဖြစ်နေပြီ..။ အားလုံးက သူ့ကို ရွံနေကြပြီ..။ မစံပယ်ကိုလည်း သူငယ်ချင်းအရင်းမထားဘဲ မစံပယ်ရဲ့အားနည်းချက်ကိုဖိပြီး အကြပ်ကိုင်ဖို့ ကြိုးစားဖူးပြီ..။ သူထင်တဲ့မစံပယ့်အားနည်းချက်က တကယ့်အားနည်းချက်ကြီးဖြစ်မနေတာ သူထင်သလို သူ့တွက်ကိန်း ကိုက်မသွားတဲ့ အချက်ပါပဲ..။ ခုတော့ သူ့မှာ ပေါင်းသင်းစရာလူမရှိဖြစ်နေပြီ..။ ခင်တဲ့သူမှန်သမျှအဝေးကိုလွင့်အောင် သူလုပ်ခဲ့ပြီ..။
       ခုတော့ အဲဒီသူငယ်ချင်း ဘယ်သူနဲ့ပေါင်းပြီး ဘာခွင်တွေဖန်နေပြန်ပြီလဲ မသိရပါဘူးလေ..။ အဲဒီလို ခွင်သမားပေါ်လာတာက ခေတ်ကြောင့်လား..၊ လူကိုယ်တိုင်ပေါ်မူတည်တာလား လို့ အဖြေထုတ်ကြည့်တော့...............................။

                                                                                                                       မစံပယ်

အတွေး

ကိုယ့်ရဲ့အပြုအမူတစ်ချို့ကို နောက်ကျောပြန်ကြည့်သလိုကြည့်မိသောအခါ ရယ်ချင်သလို၊ ပြုံးချင်သလိုဖြစ်မိသည့်အခါ ရှိတတ်ပါသည်..။ ကိုယ်ကိုယ်တိုင် အခြားသူတစ်ယောက်မှကြည့်သလို ကြည့်မိသောအခါ ရယ်ချင်မိတတ်ပါသည်..။

အဆင်မပြေမှူများနှင့်ကြုံလာသောအခါတိုင်းအတွက် စိတ်ဆင်းရဲခြင်းကြီးစွာခံစားမနေဘဲ ကိုယ်တတ်နိုင်သလောက် ဆက်လက်ကြိုးစားအားထုတ်သွားခြင်းဖြင့် စိတ်ဆင်းရဲမှူဒဏ်ကို တွန်းလှန်နိုင်မည်ဟု ထင်မိပါသည်...။ စိတ်ဆင်းရဲ လူဆင်းရဲကာ ရင့်ထော်အိုမင်းသွားသောသူများ မဖြစ်ချင်ပါ..။

မမြင်ဘူးသောသူတစ်ယောက်ကို နှစ်ရှည်လများစွဲလမ်းနှစ်သက်ခဲ့ဖူးသော မိမိ၏ရူးနှမ်းမှူကို ပြုံးချင်မိသည်..။ မဖြစ်စလောက်ငွေပမာဏလေးနှင့် မခံချိမခံသာခံရခက်ခဲ့မှူကို ပြုံးချင်မိသည်..။ ကြိုးစားမှူနှင့်မတန်အောင် အောင်မြင်လိုမှူ ပြည့်စုံလိုမှူကိုလည်း ပြုံးချင်မိသည်..။ ကိုယ့်ကိုဒုက္ခရောက်အောင်လုပ်သည်ဟုယူဆကာ ကလေးဆန်ဆန်လက်စားချေချင်နေသော လူတစ်ယောက်ကိုလည်း ပြုံးချင်နေမိပါသည်..။


မစံပယ်